တောင်ငူမြို့နယ်အတွင်း စကစခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်ရှင်းလင်း၊ စစ်ကောင်စီ ထောက်ပို့ တံတားကို မိုင်းခွဲဖျက်ဆီး

စစ်ကောင်စီထောက်ပို့အဖြစ် အသုံးပြုနေသည့် ကျောက်တံခါးမြို့နယ်၊ အုန္နဲပင်တံတားကို PDF များက မိုင်းခွဲဖျက်ဆီးခဲ့စဉ်

ဒီဇင်ဘာ 16, 2022 | 2021 Military Coup

 ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်ခင်အား တောင်ငူခရိုင် PDF၊ တပ်ရင်း ၃၅၀၁ က ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခန့် ဇီးပင်သာအုပ်ချုပ်ရေးမှူးသည် ပစ္စတို ကိုင်ဆောင်လေ့ရှိပြီး၊ သစ်ကား၊ သစ်ဖောင်နှင့် လောင်းကစားဝိုင်းများတွင် ဆက်ကြေးကောက်ခံကာ စစ်ကောင်စီအား ပေးသွင်းနေသည့်အတွက် စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု PDF က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၁၂)ညပိုင်းကလည်း စစ်ကောင်စီအဖွဲ့မှ ထောက်ပို့အဖြစ် အသုံးပြုနေသည့် ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ အုန္နဲပင်တံတားကို တောင်ငူခရိုင် PDF တပ်ရင်း၊ ၃၇၀၂ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

နန်းထိုက်အောင် စစ်ဆင်ရေးနှစ်ရပ်စလုံးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဒီဇင်ဘာ(၈)ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သတိပဌာန်ရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF များက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်ရှင်းလင်းခဲ့သေးသည်။