တအာင်းဒေသတွင် တိုက်ပွဲဆက်ဖြစ်နေပြီး နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ TNLAရရှိ

တအာင်းဒေသတွင် တိုက်ပွဲဆက်ဖြစ်နေပြီး နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ TNLAရရှိ
ဇန်နဝါရီ 3, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နောင်ချိုနှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLAထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားနေပြီး နောင်ချိုမြို့နယ် သံဘိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း MDY PDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်၊ ခဲယမ်းများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မိုးမိတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လားရှိုးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှ ဟိုလောင်ရွာ၊ နမ့်ပြန်ရွာ၊ လုံမွန်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် (၂၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ္မတူမြို့တွင်း တံတားအနီးကိုလည်း စစ်ကောင်စီတပ်က Jet Fighterဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ကွတ်ခိုင်မြို့တွင်းနှင့် တုံဆင်လေးကျေးရွာနှင့် ဟွေခုတ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က Jet Fighterဖြင့် (၆)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency