တရုတ်နိုင်ငံ အလယ်ပိုင်းတွင် စက်ရုံမီးလောင်မှုကြောင့် လူ (၃၈) ဦး သေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် စက်ရုံမီးလောင်မှုကြောင့် လူ (၃၈) ဦး သေဆုံး
နိုဝင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် စက်ရုံတစ်ရုံ မီးလောင်မှုကြောင့် လူ (၃၈) ဦး သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့အနက် အများအပြားမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

 စည်းမျဥ်းချိုးဖောက်ပြီး လျှပ်စစ်ဂဟေဆော်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်မီဒီယာက နိုဝင်ဘာလ (၂၂) ရက်တွင် သတင်းဖော်ပြသည်။ 

၂၀၂၂ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းက တရုတ်အလယ်ပိုင်း ဟဲနန် ပြည်နယ် Anyang မြို့ရှိ Kaixinda Trading Co Ltd ၏ စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကို မီးသတ်ယာဥ် (၆၃) စီးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက CCTV က ပြောသည်။ 

စက်ရုံမီးလောင်မှုကို ဒေသစံတော်ချိန် ည (၈) နာရီတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ညသန်းခေါင်အချိန်ဝန်းကျင်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ 

စက်ရုံမီးလောင်မှုအတွင်း သေဆုံးခဲ့သူ အများအပြားမှာ ဆောင်းရာသီအတွက် ချည်ထည်နှင့် ဘောင်းဘီးများ ချုပ်လုပ်နေသည့် အမျိုးသမီးများဖြစ်ကြောင်း မီဒီယာက ပြောသည်။ 

မီးလောင်မှုနှင့် ပတ်သက်ပြီး ပုဂ္ဂလိပိုင် ကုမ္ပဏီအသေးစားတစ်ခုဖြစ်သည့် Kaixinda ၏ တာဝန်ရှိသူကို ဖမ်းဆီးထားကြောင်း CCTV ကပြောသည်။

Source: Reuters