ပေါင်းတည် PDF က ကျေးရွာအုပ်ချုပ်ရေးမှူးကိုနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်း

 ပေါင်းတည် PDF က ကျေးရွာအုပ်ချုပ်ရေးမှူးကိုနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်း
နိုဝင်ဘာ 5, 2022 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာကျေးရွာအုပ်စု  ဖားယားကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူးကို နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက သတင်းထုတ်ပြန်လာသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဆောင်တင်အား ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ နံနက်(၈)နာရီ (၄၀)မိနစ်အချိန်က ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၆၀၁) တပ်ခွဲ ( ၅ )  နွေဦးအဖွဲ့ မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် နေအိမ်တွင် ၎င်းအား သေနတ်ဖြင့် (၁)ချက် ပစ်ခတ်ပြီး ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 အုပ်ချုပ်ရေးမှုးတာဝန်မှ မနှုတ်ထွက်သော စကစ ဒေါက်တိုင်အုပ်ချုပ်ရေးမှုးများအား ဆက်လက် အပြစ်ပေး ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း ပေါင်းတည် PDF က သတိပေးထားသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး၏ ကြို့ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ၂၀၂၂ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့ ညပိုင်းကလည်း ဗုံးခွဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

  

#TachileikNewsAgency