မော့ကနင်ရွာအနီးတွင် အမြောက်တပ်မှ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး (၅)ဦး သေဆုံးကာ လက်နက်(၃)လက်ကို ရေးပြောက်ကျားတပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့

မော့ကနင်ရွာအနီးတွင် အမြောက်တပ်မှ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး (၅)ဦး သေဆုံးကာ လက်နက်(၃)လက်ကို ရေးပြောက်ကျားတပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့
ဇန်နဝါရီ 20, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာအနီးတွင် ဆိုင်ကယ်နှင့်ထွက်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများ  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်၊ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး (၅)ဦးသေကာ လက်နက် (၃)လက်သိမ်းဆည်းရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် Ye Guerrilla Force - YGF က သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ တပ်သားများမှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ်(၃၁၇) အမြောက်တပ်မှ ဆိုင်ကယ်နှင့်ထွက်လာသည့် စစ်ကောင်စီတပ်သားများဖြစ်ကြောင်းနှင့်  Ye Guerrilla Force က  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်ကို Ye Guerrilla Force က ထုတ်ပြန်ခြင်း မရှိသေးပေ။

Ye Guerrilla Force နှင့် ပူးပေါင်းတပ်များသည် ဇန်နဝါရီလ (၁၈)ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာအခြေ စိုက်(င)အဆင့်နယ်မြေရဲစခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

#TachileikNewsAgency