ကောလင်းမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် (၄)ဦးသေဆုံး

ကောလင်းမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် (၄)ဦးသေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့ ကျော်ဇေယျာရပ်ကွက်ရှိ နေအိမ် (၂)လုံးပေါ်သို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ကလေးတစ်ဦးအပါအဝင် အရပ်သား (၄)ဦးသေဆုံးခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၃၀)ရက်နေ့ ညပိုင်းက ကိုးတောင်ဘိုကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းတစ်ခုအား ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကြောင့် ကောလင်းထွေအုပ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကောလင်းမြို့ပေါ်သို့ ပြန်လည်၍ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များသည် ကျော်ဇေယျာရပ်ကွက် (ဘက)ကျောင်းအနီးရှိ နေအိမ် (၂)လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဦးသာထူး (၆၀)နှစ်၊ ၎င်း၏ဇနီးဖြစ်သူနှင့် ၎င်းတို့၏ အသက် (၈)နှစ်အရွယ် မြေးဖြစ်သူတို့ သေဆုံးခဲ့ရပြီး ဘေးချင်းကပ်နေအိမ်မှ မဇာခြည်ဦး (၄၃)နှစ်လည်း သေဆုံးခဲ့ရကြောင်း သိရသည်။

 

သေဆုံးသူများ၏ ဈာပနကို ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း DCT/Dutiful Citizens Teamထံမှ သိရသည်။

#TachileikNewsAgency

Photo : DCT/Dutiful Citizens Team