နယူးယောက်မြို့တွင် NUG တာဝန်ရှိသူများသည် ကုလမလေးရှား အမြဲတမ်းကိုယ်စားလှယ်နှင့် မစ္စရန်ဟီးလီအဖွဲ့တို့အားတွေ့ဆုံ

နယူးယောက်မြို့တွင် NUG တာဝန်ရှိသူများသည် ကုလမလေးရှား အမြဲတမ်းကိုယ်စားလှယ်နှင့် မစ္စရန်ဟီးလီအဖွဲ့တို့အားတွေ့ဆုံ
အောက်တိုဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဝန်ကြီးအပါအဝင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မလေးရှား အမြဲတမ်းကိုယ်စားလှယ်နှင့် မစ္စရန်ဟီးလီအဖွဲ့တို့အား ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း NUGထံမှ သိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့သည် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့ဝင်ဟောင်း Chris Sidoti၊ မလေးရှားနိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် မစ္စတာ Sofian Akmal ABD KARIMတို့နှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မလေးရှား အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးတို့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအခြေအနေနှင့် ရိုဟင်ဂျာအရေးတို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီး မလေးရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ကူညီပေးနိုင်ရေးများကိုလည်း  ဆွေးနွေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Ministry of Human Rights