ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ပူးရှန်မန်း၏ နေအိမ် ချိတ်ပိတ်ခံရ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ပူးရှန်မန်း၏ နေအိမ် ချိတ်ပိတ်ခံရ
ဇန်နဝါရီ 12, 2022 | အခြားဒေသများ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - CNLD ၏ တစ်ဦးတည်းသော အနိုင်ရကိုယ်စားလှယ်ဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Siang Mang(ပူးရှန်မန်း)၏ နေအိမ် ချိတ်ပိတ်ခံရကြောင်း သိရသည်။

အာဏာသိမ်းမှု အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်နေသည့် စစ်ကောင်စီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နေအိမ်ကို   ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။

 

အာဏာသိမ်းအုပ်စုက NLD ပါတီနှင့် ပါတီထောက်ခံသူ ပြည်သူများ၏ နေအိမ်များကို စွပ်စွဲချက်အမျိုးမျိုးဖြင့် လိုက်၍ ချိတ်ပိတ်နေရာမှ ချင်းတိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်ကိုပါ စွပ်စွဲ၍ နေအိမ်ချိတ်ပိတ်ခြင်းကို လုပ်လာသည်ကို တွေ့ရသည်။