ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီဌာနဆိုင်ရာ အဆောက်အဦး ၄၀မမနှင့် ပစ်ခတ်ခံရ

ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီဌာနဆိုင်ရာ အဆောက်အဦး ၄၀မမနှင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ၅/၁လမ်းဆုံအနီးရှိ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာအဆောက်အဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် (၄၀)မမ နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

၀မ်ပေါင်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်နှင့် ရဲများသည် ၅/၁ လမ်းဆုံမှ ပြည်သူများအား မတရားနှောင့်ယှက် ငွေကြေးတောင်းယူနေမှု‌ကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်က ယနေ့ ဇူလိုင်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ရဲများဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် ဆားလင်းကြီးတပ်ခွဲနှင့် One Star Task Forceတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Myanmar's Royal Dragon Army MRDA-SA LIN GYI