မြိတ်မှ ပုလောဘက်သို့ လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာက တပ်ကြပ်ကြီး တစ်ဦး သေသွား

မြိတ်မှ ပုလောဘက်သို့ လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာက တပ်ကြပ်ကြီး တစ်ဦး သေသွား

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်မှ ပုလောသို့လာသည့် အာဏာသိမ်း စစ်ကောင်စီကား (၆)စီးကို ဧပြီလ(၅)ရက်နေ့ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးတစ်ဦး သေဆုံးကြောင်း ပုလော PDF က ယနေ့ ဧပြီလ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းစစ်ကောင်စီယာဉ်ကို ကဒဲရွာနှင့် သင်္ကန်တောရွာအကြား ကဒဲတံတားအနီးတွင် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်(PPDF) နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



   

မိုင်းဆွဲခံရသဖြင့် အာဏာသိမ်းစစ်ကောင်စီမှ တပ်ကြပ်ကြီး တစ်ဦးသေပြီး ဒဏ်ရာတစ်ချို့ရရှိခဲ့ကာ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။