အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၃ ဦး တာချီလိတ်မှ မိုင်းဆတ်အသွားလမ်းတွင် ဖမ်းဆီးခံရ

အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၃ ဦး တာချီလိတ်မှ မိုင်းဆတ်အသွားလမ်းတွင် ဖမ်းဆီးခံရ
အောက်တိုဘာ 11, 2022 | မှုခင်းသတင်း| ရှမ်းရှေ့
By Tachileik News Agency



ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်မှ‌ မိုင်းဆတ်မြို့ဘက်သို့အလာ မိုင်းတွမ်းစစ်ဆေးရေးဂိတ်တွင် လွန်ခဲ့သည့် (၄)ရက်က ဖမ်းဆီးရမိထားသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၃)ဦးကို မိုင်းတွမ်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဲဒီတရုတ်တွေကို ပို့ပေးနေတဲ့ကုမ္ပဏီက ပိုက်ဆံပေးညှိဖို့လုပ်နေတယ်လို့ သတင်းကြားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တရုတ်နိုင်ငံသားများဖြစ်ကြသည့် ချိုက်ရွေ့တုန်း (CAI YUI DONG၊ ချိုက်ခွန်းချိန် (CAI KUNJIAN)နှင့် ကျိုးစုရန် (ZHOU ZHI YOAN)တို့သည် ဆိုင်ကယ်ကယ်ရီ (၃)စီးဖြင့် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် ရောက်ရှိလာစဉ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေးရာ နိုင်ငံတွင်းသို့ အထောက်အထားမဲ့ဝင်လာသည်ကို တွေ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၃)ဦးအား လိုက်လံပို့ဆောင်ပေးသည့် ဆိုင်ကယ်ကယ်ရီသမား (၃)ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။