ကာတာနိုင်ငံက ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့

ကာတာနိုင်ငံက ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့
သြဂုတ် 3, 2020
By Tachileik News Agency
ကာတာနိုင်ငံက ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့ 

ကာတာနိုင်ငံမှ ပြန်လာ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အသွားအလာကန့်သတ်ထားသူ (၂)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၃၅၅)ဦးရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် သြဂုတ်လ (၃)ရက်နေ့အထိ တွေ့ရသည့် အတည်ပြုလူနာများအနက် (၂၈၇)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်ပြီး (၆)ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတလွှားတွင် သြဂုတ်လ (၂)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၂) နာရီခွဲအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်သော သတင်းအချက်အလက်များအရ OVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၁၇,၆၆၀,၅၂၃)ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၆၈၀,၈၉၄) ဦး ရှိနေခြင်းပြီဖြစ်သည်။

COVID 19 ကာကွယ်ဆေး ထုတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ရောဂါကူးစက်မှုများလည်း ရှိနေဆဲဖြစ်၍ တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြရန်နှင့် လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~