PDF နှင့် KNU အတွက် စစ်ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့သည်ဟု KNPP က ထုတ်လွှင့်ကြောင်း မဟုတ်မမှန်သတင်းဖြန့်နေ

PDF နှင့် KNU အတွက် စစ်ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့သည်ဟု KNPP က ထုတ်လွှင့်ကြောင်း မဟုတ်မမှန်သတင်းဖြန့်နေ
ဒီဇင်ဘာ 29, 2021 | ကယား

PDF နှင့် KNU အတွက် စစ်ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့သည်ဟု KNPP က ထုတ်လွှင့်ကြောင်း News Cele Myanmar အွန်လိုင်း page က မဟုတ်မမှန် သတင်းဖြန့်နေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါအွန်လိုင်းpage က ဖေါ်ပြထားသည့် ဗီဒီယိုဖိုင်မှာ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ကြံသတင်း၊ မဟုတ်မမှန်သတင်း ဖြန့်ဝေခြင်းလည်း ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ပါတီဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

News Cele Myanmar  သည် ၂၀၂၁ ခုနှစ် ဧပြီလ (၁၂) ရက်နေ့က Cele Myanmar အမည်ဖြင့် facebook page ဖွင့်ထားသည်ကို တွေ့ရသည်။