တာချီလိတ်မြို့ အာခါဈေးအနီး အိမ်ခန်းငှားတွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရ

တာချီလိတ်မြို့ အာခါဈေးအနီး အိမ်ခန်းငှားတွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်အတွင်း အာခါဈေးအနီးရှိ နေအိမ် အခန်းငှားတစ်ခုတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်အစောပိုင်း (၁)နာရီခွဲဝန်းကျင်က  ဆိုင်ကယ်တစ်စီး   ခိုးယူခံလိုက်ရကြောင်း သိရသည်။

နံနက်ပိုင်း မိုးရွာနေချိန်တွင် အိမ်ခန်းအောက်တွင် ရပ်ထားသည့် အနီရောင် Click ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးက ခိုးယူသွားခြင်းဖြစ်ပြီး ခိုးယူသူနှစ်ဦး၏ မျက်နှာကို CCTV မှတ်တမ်းတွင် ကြည်လင်စွာ ရရှိထားကြောင်း သိရသည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ကလည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင် ပုဂ္ဂလိဈေးအနီး ရတနာလမ်းသွယ်ရှိ နေအိမ်အခန်းငှားတစ်ခုတွင် ဆိုင်ကယ်(၃)စီး တချိန်တည်းမှာပင် ခိုးခံရမှုလည်း ဖြစ်ပွားခဲ့သေးသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးသူများနှင့် ဝယ်လက်များကို တာချီလိတ်ရဲတပ်ဖွဲ့များက သိရှိသော်လည်း ဖမ်းဆီးနိုင်ခြင်း မရှိသည်နှင့်အမျှ ဆိုင်ကယ်ခိုးမှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်ကို တွေ့ရသည်။