မိုင်းဖြတ်တွင် သားအမိနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ် ကားလမ်းဖြတ်ကူးစဉ် ခရီးသည်တင်ယာဉ်နှင့် တိုက်မိလ

မိုင်းဖြတ်တွင် သားအမိနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ် ကားလမ်းဖြတ်ကူးစဉ် ခရီးသည်တင်ယာဉ်နှင့် တိုက်မိလ
ဇန်နဝါရီ 13, 2020
By Tachileik News Agency

မိုင်းဖြတ်တွင် သားအမိနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ် ကားလမ်းဖြတ်ကူးစဉ် ခရီးသည်တင်ယာဉ်နှင့် တိုက်မိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့အပိုင်း ကျိုင်းတုံ - တာချီလိတ်လမ်းတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့ နေ့လယ် (၁)နာရီကျော်၌ ကားလမ်းဖြတ်ကူးသည့် ဆိုင်ကယ်နှင့် ခရီးသည်တင်ယာဉ်ငယ်တစ်စီးတို့ တိုက်မိ၍ ဆိုင်ကယ် စီးနင်းသည့် အမျိုးသမီးနှင့် အသက် (၄)နှစ်အရွယ်ကလေးငယ်တို့ ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့ ကျိုင်းတုံ - တာချီလိတ်ကားလမ်း မိုင်တိုင်အမှတ် (၇၀၇/ ၇၀၈)ကီလိုမီတာကြား ဟိုနား(ရှမ်း)ရွာအနီးတွင် ကားလမ်းဖြတ်ကူးလာသည့် ဆိုင်ကယ်ကို ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် အမြန်ယာဉ်ငယ်က ရှောင်တိမ်းရန် လမ်းဘေးသို့ ဆွဲချလိုက်သော်လည်း တိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် နန်းကျဲန်မွန်းနှင့် သားဖြစ်သူ အသက် (၄)နှစ်အရွယ် စိုင်းအောင်လျှဲန်းတို့မှာ ဒဏ်ရာ အသီးသီးရသွားပြီး နန်းကျဲန်မွန်းမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဒဏ်ရာ ရသွားသူများကို မိုင်းဖြတ်မြို့ သင်္ဂဟလူမှုကူညီရေးအသင်းက မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ယင်းမှတစ်ဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ကသက်သေများပါဝင်သည့်အဖွဲ့ဖြင့် သွားရောက်စစ်ဆေးပြီး အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုသာ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~