တာချီလိတ်မြို့ လွယ်စီတုံအပေါ်ရွာလမ်းတွင် စိတ်ကြွဆေးပြား တစ်သိန်းဝန်းကျင် ဖမ်းဆီးရမိ

တာချီလိတ်မြို့ လွယ်စီတုံအပေါ်ရွာလမ်းတွင် စိတ်ကြွဆေးပြား တစ်သိန်းဝန်းကျင် ဖမ်းဆီးရမိ
စက်တင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့ လွယ်စီတုံအပေါ်ရွာလမ်းတွင် စိတ်ကြွဆေးပြား တစ်သိန်းဝန်းကျင် ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ လွယ်စီတုံ(အပေါ်)ကျေးရွာတွင် မူးယစ်ဆေးဝါး သယ်ဆောင်ရန်အတွက် ရှေးပြေးအဖြစ် စေလွတ်သည့် ဆိုင်ကယ်အား စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများကို စိတ်ကြွဆေးပြား (၁)သိန်းဝန်းကျင်နှင့်အတူ ဖမ်ဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အပေါ်)ကျေးရွာအတွင်း လောကဓမ္မဘုန်းကြီးကျောင်းလမ်းတွင် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က ယန်းခေါင်ကျေးရွာဘက်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရန်အတွက် ရှေးပြေးအဖြစ် လက်ထဲတွင် ဖုန်းတစ်လုံး ကိုင်ဆောင်ကာ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အားဆူ(ခ)အားဖာ အား မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာက ဆက်စပ်ကာ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အားဆူ(ခ)အားဖာအား စစ်ဆေးပြီးနောက် ပူးပေါင်းအဖွဲ့မှ ကင်းပုန်းဝပ်၍ ဆက်လက်စောင့်ဆိုင်းရာမှ မကြာမီအချိန်အတွင်း၌ လော်ဂျွန်း နှင့် အားတီ တို့ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးသည် ကင်းပုန်းဝပ်နေရာသို့ ရောက်ရှိလာ၍ ရပ်တန့်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင် အားတီ မောင်းလာသည့် ဆိုင်ကယ် ခွကြားထဲက ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၉,၈၀၀)ပြား နှင့် လက်ကိုင်ဖုန်း တစ်လုံးစီအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်  အားဆူ(ခ)အားဖာ၊ လော်ဂျွန်း နှင့် အားတီ တို့ (၃)ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~