ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာရ

ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် KNLA၊ PDFပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃၀)ကျော်သေကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ(၉)ရက်၊ နံနက်(၄)နာရီမှစတင်ကာ နေ့လည်(၁)နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်အင်အား(၆၀)ဝန်းကျင်နှင့် KNLA  ပူးပေါင်း PDF တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း PDFတပ်ဘက်မှ တစ်ဦးကျဆုံး၊ တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး KNLAမှ ရဲဘော်(၂)ဦးကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်မျိုးစုံ(၂၁)လက်၊ ဒရုန်းပစ်(၁)လက်၊ မိုင်းရှာစက်(၁)ခု၊ (၆၀)မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence-NUG