ဟိုပုံးမြို့တွင် CDM လုပ်ဆောင်ထားသူများထဲက (၅)ဦးကို ပြည်သူမှ ပြည်သူအစီအစဉ်အဖြစ် ထောက်ပံ့

ဟိုပုံးမြို့တွင် CDM လုပ်ဆောင်ထားသူများထဲက (၅)ဦးကို ပြည်သူမှ ပြည်သူအစီအစဉ်အဖြစ် ထောက်ပံ့
ဇွန် 4, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် CDM လုပ်ဆောင်ထားသူများထဲက ထောက်ပံ့မှုအခြေအနေအရ အဓိက လိုအပ်သူများကို ရွေးချယ်ပြီး ပြည်သူမှ ပြည်သူအစီအစဉ်အဖြစ် ယနေ့ ဇွန်လ(၄)ရက်နေ့တွင် (၅)ဦးကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

အခုက (၂)လပိုင်းကတည်းက CDM လုပ်ထားသူများကို ဦးစားပေး ကူညီပေးတာပါ။ (၅)ဦးစာပါ။ အများကြီးလုပ်ပေးချင်ပေမဲ့ တတ်နိုင်သလောက်လေးပဲ လုပ်ပေးရလို့ စိတ်မကောင်းလည်းဖြစ်ရပါတယ်။ မြို့ခံလူတွေ သူဌေးတွေ လုပ်ငန်းရှင်တွေ မကူညီကြဘူး။ ရပ်နီးရပ်ဝေးက လူငယ်များ စုပေါင်းကောက်ခံမှုနဲ့ ထောက်ပံ့ပေးတာပါ။

ဟု ဟိုပုံးမြို့မှ CDM Support အဖွဲ့မှ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်ဦးလျှင် ကျပ်(၅၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ခြင်း ဖြစ်ပြီး၊ ဆန် နှင့် အသုံးအဆောင်များကိုပါ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိသည်။

ဟိုပုံးမြို့တွင် ပညာရေးဌာတစ်ခုတည်းတင် CDM လုပ်ဆောင်သူ (၂၀၈)ဦးရှိနေပြီး အခြားဌာနပေါင်းစုံမှ (၂၉)ဦး အပါအဝင် စုစုပေါင်း (၂၃၇)ဦးရှိရာတွင် အဓိက လိုအပ်သူများကို ကူညီပေးနေခြင်း ဖြစ်ကြောင်း သိရသည်။