ပဲခူးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်အောက်ခံ နေရာ(၃)နေရာကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗုံးခွဲ တိုက်ခိုက်

ပဲခူးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်အောက်ခံ နေရာ(၃)နေရာကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗုံးခွဲ တိုက်ခိုက်

 ပဲခူးမြို့နယ်အတွင်း အာဏသိမ်းစစ်ကောင်စီတပ်၏ ကင်းဂိတ်များ အပါအဝင် နေရာ(၃)နေရာကို   နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ)နှင့် Deik U Defence Force တို့က မိုင်းဖြင့် ယနေ့  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပင်မထောက်ပံ့ ပို့ဆောင်ရေးတပ်၏ ကင်းဂိတ်စခန်းကို မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ထောက်ပို့တပ်သား (၂)ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက  သတင်းထုတ်ပြန်ထားသည်။

ပဲခူးမြို့ နယ်ရှိ အမှတ်(၂ )နယ်ရဲစခန်းကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးကြောင်းနှင့် ကလိစစ်ဆေးရေးဂိတ်အား ဗုံးခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတူညီသည့် နေရာ (၃)ခုအား နံနက် ၄ နာရီ ၄၅ မိနစ်တွင် စတင်ပြီး တစ်ခုနှင့် တစ်ခု (၅)မိနစ်သာခြားပြီး ဖောက်ခွဲမှုများ လုပ်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ပဲခူးတိုင်း စစ်ဒေသလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြို့ပြပြောက်ကျားအဖွဲ့များသည် စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်ကောင်စီ၏ သတင်းပေးများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအား နန်းထိုက်အောင်စစ်ဆင်းရေးအဖြစ် ရှင်းလင်းသုတ်သင်မှုများ ရှိသည်။