မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေါနိူးကူးစစ်ရှောင်စခန်း လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်ခံရပြီး အများအပြားပျက်စီးကာ သေဆုံးသူများရှိ

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေါနိူးကူးစစ်ရှောင်စခန်း လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်ခံရပြီး အများအပြားပျက်စီးကာ သေဆုံးသူများရှိ
ဇူလိုင် 12, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေါနိူးကူးစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူရှိကာ အများအပြားဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗုံးကြဲသဖြင့် စစ်ရှောင်ကလေးများ ပညာသင်ကြားနေသည့် စာသင်ကျောင်း၊ ဆေးခန်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားပြီး သေဆုံးနှင့် ဒဏ်ရာရသူများရှိကြောင်း KnICက ယနေ့ ဇူလိုင်လ (၁၂)ရက်နေ့တွင် ဖော်ပြထားသည်။

လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် အမျိုးသား တစ်ဦးသေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းနေရာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု သိရသည်။

ထို့အပြင် ဇူလိုင်လ(၁၂)ရက်၊ နံနက်ပိုင်းတွင်ပင် ဖားဆောင်းမြို့ နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာတစ်ခုကို တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်(၆)လုံး ပျက်စီးသွားသည်ဟု Kantarawaddy-Timesက ဖော်ပြထားသည်။

#TachileikNewsAgency

Photo : KnIC