ကွန်ဂိုနိုင်ငံတွင် ဖဲကြိုးဖြတ် တံတားဖွင့်ပွဲပြုလုပ်စဥ် တံတားပြိုကျ

Photo: Reuters/Kinshasa
Photo: Reuters/Kinshasa
ကွန်ဂိုနိုင်ငံတွင် ဖဲကြိုးဖြတ် တံတားဖွင့်ပွဲပြုလုပ်စဥ် တံတားပြိုကျ
စက်တင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အစိုးရအရာရှိများက တံတားတစ်စင်းကို အခမ်းအနားဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်စဥ် ထိုတံတား ပြိုကျခဲ့ရာ ဝရုန်းသုန်းကားဖြစ်ခဲ့ပြီး ဆိုရှယ်မီဒီယာတွင် ဒေါသထွက် ဝေဖန်မှုများရှိခဲ့သည်။

အစိုးရအရာရှိများက ဒေသခံများ မိုးရာသီကာလတွင် မြစ်ကိုဖြတ်ကူးရာတွင် အဆင်ပြေစေရန် ဆောက်လုပ်ပေးသည့် ထိုတံတားကို တရားဝင် ဖွင့်လှစ်ကြစဥ် တံတားပြိုကျသွားခဲ့ခြင်း ဖြစ်သည်။

ထိုမြစ်ကိုဖြတ်ကူးရန် ယခင်က ယာယီ ဆောက်လုပ်ထားသည့် တံတားမှာ ရေကြီးမှုများအတွင်း မကြာခဏ ပျက်စီးပြီး ပြိုကျမှုကြောင့် အစိုးရအစီအစဥ်ဖြင့် ယခုဖွင့်လှစ်သည့် တံတားကို ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။

အစိုးရအရာရှိများ အဖွဲ့တစ်ဖွဲ့က ကျဥ်းမြောင်းသေးငယ်သည့် တံတားပေါ်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရန် စုရုံးရောက်ရှိနေခဲ့ကြသည်။

 

တံတား၏ အစွန်းတစ်ဖက်တွင် အနီရောင်ဖဲကြိုး လက်ရန်းတစ်ဖက်တစ်ချက်စီတွင် ချည်နှောင်တားဆီးထားပြီး အစိုးရအရာရှိ အမျိုးသမီးက ဖဲကြိုးနီးကို ကတ်ကြေးဖြင့် ဖြတ်လိုက်စဥ်မှာပင် တံတားပြိုကျသွားခဲ့သည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။ 

ဒေသခံများ မြစ်ကိုဖြတ်သန်းရာတွင် အသုံးပြုရမည့် တံတားက စတင်ဖွင့်လှစ်စဥ်မှာပင် ခံနိုင်ရည်မရှိဘဲ ပြိုကျသွားခဲ့ရာ ဆိုရှယ်မီဒီယာ၌ ဝေဖန်ပြောဆိုမှုများ မြင့်တက်နေခဲ့သည်။

အာဖရိကနိုင်ငံရေးသမားများမှာ အလွဲလွဲ အချော်ချော်ဖြစ်သော ဖွင့်ပွဲအခမ်းအနားများနှင့်အတူ ကျော်ကြားသည်ဟု ဆိုသည်။ 

အထူးသဖြင့် အလွဲလွဲအချော်ချော်ဖြစ်သော ဖွင့်ပွဲအခမ်းအနား မှတ်တမ်းဗီဒီယိုများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ရာ ရယ်စရာဖြစ်ရသလို နိုင်ငံအတွက် အရှက်ရစရာလည်း ဖြစ်နေခဲ့သည်။

Source: khaama