တာချီလိတ် စစ်ဗျူဟာတပ် ကုန်းအဆင်း ကားလမ်းပေါ်က ကျောက်ပုံကို တိုက်မိ၍ ဆိုင်ကယ်စီး လူငယ်တစ်ဦး ဒဏ်ရာရ

တာချီလိတ် စစ်ဗျူဟာတပ် ကုန်းအဆင်း ကားလမ်းပေါ်က ကျောက်ပုံကို တိုက်မိ၍ ဆိုင်ကယ်စီး လူငယ်တစ်ဦး ဒဏ်ရာရ
သြဂုတ် 31, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့ရှိ စစ်ဗျူဟာကုန်းအဆင်း လမ်းတစ်ခြမ်းပေါ်တွင် ကျောက်များပုံထားသည်ကို ဆိုင်ကယ်ဖြင့် တိုက်မိရာမှ  ဆိုင်ကယ်စီး လူငယ်တစ်ဦး ဦးခေါင်းထိမှန်ကာ ဒဏ်ရာရရှိပြီး တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့ အကူးပိုင်းအချိန်ဖြစ်သည့် (၁၂)နာရီကျော်အချိန်က တာချီလိတ်လေဆိပ်အနီးရှိ စစ်ဗျူဟာ အဖွဲ့ (အခြေချ)တာချီလိတ် တပ်၏ ကုန်းအဆင်း လမ်းပေါ်တွင်  ကျောက်များပုံသည် ဆိုင်ကယ်စီး လူငယ်က မမြင်ဘဲ အရှိန်လွန်ကာ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ပုံကို တိုက်မိသည့် လူငယ်မှာ ဆိုင်ကယ်တိမ်းမှောက်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသည့်အတွက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်  ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



#TachileikNewsAgency

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း