KNDF တပ်ရင်း ၂ နယ်မြေအတွင်း အရပ်သားယောင်ဆောင်ဝင်လာသည့် စစ်ကောင်စီတပ်သားကို ဖမ်းမိ

KNDF တပ်ရင်း ၂ နယ်မြေအတွင်း အရပ်သားယောင်ဆောင်ဝင်လာသည့် စစ်ကောင်စီတပ်သားကို ဖမ်းမိ
သြဂုတ် 28, 2022 | နိုင်ငံရေး| ကယား
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ KNDF တပ်ရင်း ၂ နယ်မြေအတွင်း အရပ်သားအယောင်ဆောင်ဝင်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း KNDF တပ်ရင်း -၂ က ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

KNDF တပ်ရင်း -၂ နယ်မြေသို့ လာရောက်သတင်းထောက်လှမ်းသော စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ၊ ခလရ ၁ မှ တပ်သားတစ်ဦးကို KNDF တပ်ရင်း ၂ တပ်ခွဲ ၂၊ ၁၀၀၈ တပ်ရင်း၊ LKPDF တို့ပူးပေါင်းကာ နယ်မြေရှင်းလင်းနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းကို ဖမ်းဆီးမေးမြန်းရာ စစ်ကောင်စီတပ်သားဖြစ်ကြောင်း ဝန်ခံသဖြင့် ပြစ်မှုထင်ရှားသောကြောင့် ကရင်နီပြည်သူ့ရဲတပ်ဖွဲ(KSP) ထံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။