ေထာင္တြင္းဆႏၵျပမႈေၾကာင့္ ကရင္နီလူငယ္ေျခာက္ဦး တိုက္ပိတ္ခံထားရၿပီး ေထာင္ဝင္စာေတြ႕ခြင့္ပါ ပိတ္ပင္ခံရ

ေထာင္တြင္းဆႏၵျပမႈေၾကာင့္ ကရင္နီလူငယ္ေျခာက္ဦး တိုက္ပိတ္ခံထားရၿပီး ေထာင္ဝင္စာေတြ႕ခြင့္ပါ ပိတ္ပင္ခံရ
စက်တင်ဘာ 24, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္တရားရံုးတြင္ တရားရင္ဆုိင္ေနသည့္ ကရင္နီလူငယ္ (၆)ဦးက လိြဳင္ေကာ္ေထာင္ အတြင္း ဆႏၵျပသျဖင့္ တုိက္ပိတ္ခံထားရၿပီး ေထာင္ဝင္စာေတြ႕ခြင့္ကိုပါ ပိတ္ခံထားရေၾကာင္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔ ရံုးခ်ိန္းထြက္လာစဥ္ မီဒီယာမ်ားသို႔ ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ ေတာင္းဆိုထားတာေတြကို အထက္ကိုတင္ျပထားတယ္ မသိရေသးဘူးလို႔ပဲ ေထာင္အာဏာ ပိုင္ေတြက ေျပာပါတယ္။ ကၽြန္ေတာ္တို႔က ေထာင္တြင္းအုပ္ခ်ဳပ္ေရးယႏၱရား ပ်က္ဆီးေအာင္ ေတာင္းဆိုထား တာ တစ္ခုမွမရွိဘူး။ ကၽြန္ေတာ္တို႔ကေတာ့ ေတာင္းဆိုခ်က္ မရမခ်င္း အျဖဴအမဲ မသဲကြဲမခ်င္း ဆက္ၿပီး တိုက္ပြဲဝင္သြားမယ္။ ခုေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တို႔ကို  တိုက္ထဲအခန္းထဲမွာ ပိတ္ထားၿပီး အျပင္ေပး မထြက္ဘူး ။ ဒီအေျခေနေတြ ရွိပါတယ္”ဟု  စက္တင္ဘာလ (၂၄)ရက္ေန႔  တရားရုံးထုတ္ရာတြင္  ကိုဒီးဒီးက မီဒီယာမ်ားအား ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕ရိွ ကႏၵာေဟဝန္ပန္းၿခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထားရွိျခင္းႏွင့္ ပတ္သက္ၿပီး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စီမံဘ႑ာဝန္ႀကီးႏွင့္ ေၾကးရုပ္တုေကာ္မတီတို႔အား  ႏိုင္ငံေရး ရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသားသစၥာေဖာက္မ်ားဟု မတ္လ ၂၅ ရက္ေန႔က ထုတ္ျပန္ခ်က္ေၾကာင့္ အဆိုပါ လူငယ္ (၆)ဦးကို ကယားျပည္နယ္အစိုးရအဖြဲ႕ရုံးက  ႏုိင္ငံသားမ်ား၏ ပုဂၢလိကဆုိင္ရာလြတ္လပ္မႈႏွင့္ လံုၿခံဳမႈကို ကာကြယ္ေပးေရးဥပေဒျဖင့္ တရားစြဲဆိုထားျခင္းျဖစ္သည္။

ေထာင္အတြင္းမွ တရားရင္ဆုိင္ေနသည့္ အဆိုပါ လူငယ္ (၆)ဦးက ေျမယာကိစၥျဖင့္ တရားစြဲခံထားရသည့္ ေတာင္သူမ်ားကို ႏုိင္ငံေရးအက်ဥ္းသားမ်ားအျဖစ္ ထားရိွေပးရန္ ေထာင္တြင္း ေအာ္ဟစ္ဆႏၵျပ ေတာင္းဆိုခဲ့ၾကသျဖင့္ စက္တင္ဘာလ (၂၃)ရက္ေန႔မွစ၍ ေထာင္ဝင္စာေတြ႕ခြင့္ ပိတ္ထားျခင္းျဖစ္ေၾကာင္း ေထာင္ဝင္စာသြားေတြ႔သည့္ မိသားစုမ်ားထံမွ သိရသည္။

လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရုံးတြင္  စက္တင္ဘာလ (၂၄) ရက္ေန႔ရံုးခ်ိန္းအတြင္း  သက္ေသမ်ားျဖစ္သည့္ ခြန္ဂၽြန္ေပါ ႏွင့္ ကိုဒီးဒီတို႔ကို စစ္ေဆးခဲ့ၿပီး လာမည့္ရုံးခ်ိန္းအား ေအာက္တိုဘာလ (၁) ရက္ေန႔သို႔ ျပန္လည္ခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။

ကယားျပည္နယ္အစိုးရအဖြဲ႕မွ ႏိုင္လြတ္လုံ ဥပေဒပုဒ္မျဖင့္ တရားစြဲဆိုခံထားရေသာ ကရင္နီလူငယ္ ေျခာက္ဦးျဖစ္သည့္ ခူးၾကဴးဖဲေကး၊ ဂၽြန္ေပါ၊ မ်ိဳးလိႈင္ဝင္း၊ ခြန္ေသာမတ္စ္၊ ဒီးဒီႏွင့္ ခူးရီးဒူတို႔က လိြဳင္ေကာ္အက်ဥ္းေထာင္မွ တရားရင္ဆုိင္ေနၾကျခင္းျဖစ္သည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်တရားရုံးတွင် တရားရင်ဆိုင်နေသည့် ကရင်နီလူငယ် (၆)ဦးက လွိုင်ကော်ထောင် အတွင်း ဆန္ဒပြသဖြင့် တိုက်ပိတ်ခံထားရပြီး ထောင်ဝင်စာတွေ့ခွင့်ကိုပါ ပိတ်ခံထားရကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့ ရုံးချိန်းထွက်လာစဉ် မီဒီယာများသို့ ပြောကြားသည်။

“ကျွန်တော်တို့ တောင်းဆိုထားတာတွေကို အထက်ကိုတင်ပြထားတယ် မသိရသေးဘူးလို့ပဲ ထောင်အာဏာ ပိုင်တွေက ပြောပါတယ်။ ကျွန်တော်တို့က ထောင်တွင်းအုပ်ချုပ်ရေးယန္တရား ပျက်ဆီးအောင် တောင်းဆိုထား တာ တစ်ခုမှမရှိဘူး။ ကျွန်တော်တို့ကတော့ တောင်းဆိုချက် မရမချင်း အဖြူအမဲ မသဲကွဲမချင်း ဆက်ပြီး တိုက်ပွဲဝင်သွားမယ်။ ခုလောလောဆယ်တော့ ကျွန်တော်တို့ကို တိုက်ထဲအခန်းထဲမှာ ပိတ်ထားပြီး အပြင်ပေး မထွက်ဘူး။ ဒီအခြေနေတွေ ရှိပါတယ်”ဟု စက်တင်ဘာလ (၂၄)ရက်နေ့ တရားရုံးထုတ်ရာတွင် ကိုဒီးဒီးက မီဒီယာများအား ပြောသည်။

လွိုင်ကော်မြို့ရှိ ကန္ဒါဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းနှင့် ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးနှင့် ကြေးရုပ်တုကော်မတီတို့အား နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များဟု မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ချက်ကြောင့် အဆိုပါ လူငယ် (၆)ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒဖြေင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထောင်အတွင်းမှ တရားရင်ဆိုင်နေသည့် အဆိုပါ လူငယ် (၆)ဦးက မြေယာကိစ္စဖြင့် တရားစွဲခံထားရသည့် တောင်သူများကို နိုင်ငံရေးအကျဉ်းသားများအဖြစ် ထားရှိပေးရန် ထောင်တွင်း အော်ဟစ်ဆန္ဒပြ တောင်းဆိုခဲ့ကြသဖြင့် စက်တင်ဘာလ (၂၃)ရက်နေ့မှစ၍ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ထောင်ဝင်စာသွားတွေ့သည့် မိသားစုများထံမှ သိရသည်။

လွိုင်ကော်မြို့နယ် တရားရုံးတွင် စက်တင်ဘာလ (၂၄) ရက်နေ့ရုံးချိန်းအတွင်း သက်သေများဖြစ်သည့် ခွန်ဂျွန်ပေါ နှင့် ကိုဒီးဒီတို့ကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းအား အောက်တိုဘာလ (၁) ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ နိုင်လွတ်လုံ ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသော ကရင်နီလူငယ် ခြောက်ဦးဖြစ်သည့် ခူးကြူးဖဲကေး၊ ဂျွန်ပေါ၊ မျိုးလှိုင်ဝင်း၊ ခွန်သောမတ်စ်၊ ဒီးဒီနှင့် ခူးရီးဒူတို့က လွိုင်ကော်အကျဉ်းထောင်မှ တရားရင်ဆိုင်နကြခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net