MNDAA၊ TNLA နှင့် AA တို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး စတင်လိုကြောင်း ထုတ်ပြန်

MNDAA၊ TNLA နှင့် AA တို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး စတင်လိုကြောင်း ထုတ်ပြန်
ဇူလိုင် 21, 2020
By Tachileik News Agency

MNDAA၊ TNLA နှင့် AA တို့က  နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး စတင်လိုကြောင်း ထုတ်ပြန်

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က NRPC နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး စတင်လိုသည်ဟု ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၌ သဘောထားထုတ်ပြန်ကြေညာသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် တိုက်တွန်းကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် FPNCC ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု၊ လုံခြုံရေးအာမခံချက်ရှိသော အခြေအနေတစ်ခုအောက်တွင် တက်ရောက်ရန် ဆန္ဒအပြည့်အဝရှိပါသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

(၂၁) ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ နေပြည်တော်တွင် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ကျင်းပသွားရန် စီစဉ်နေစဉ် ယင်းကဲ့သို့ ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့အနက် AA အဖွဲ့ကို မတရားအသင်းများအက်ဥပဒေအရ မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၌ အစိုးရက သတ်မှတ်ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~