ဖမ်းဆီးသိမ်းဆည်းရမိသည့် Mytel Sim Card များနှင့် ငွေဖြည့်ကတ်များကို KA နှင့် KNDFတို့က မီးရှို့ဖျက်ဆီး

Photo: KNDF
Photo: KNDF
ဖမ်းဆီးသိမ်းဆည်းရမိသည့် Mytel Sim Card များနှင့် ငွေဖြည့်ကတ်များကို KA နှင့် KNDFတို့က မီးရှို့ဖျက်ဆီး
နိုဝင်ဘာ 20, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားတစ်ခုဖြစ်သည့် Mytel ၏ Sim Card များနှင့် ငွေဖြည့်ကတ်များကို ဖမ်းဆီးသိမ်းဆည်းရမိ၍  ကယား(ကရင်နီ) ပြည်နယ်၏ Mytel  တာဝန်ရှိသူများကို ပြန်လွှတ်ပေးလိုက်ပြီး ပစ္စည်းများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"KA/KNDF မှ ဖမ်းဆီးရမိတဲ့ Mytel SIM card များ၊ topup card များ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူများကိုတော့ ပြန်လည် လွတ်ပေးခဲ့ပါတယ်။ ပစ္စည်းတွေကိုတော့ မီးရှို့ဖျက်စီးပစ်ခဲ့ပါတယ်။"ဟု KNDF က ဆိုသည်။

ကရင်နီမတပ်မတော်(KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့က ဖမ်းဆီးသိမ်းဆည်းရမိသည့်  Mytel ၏ Sim Card များနှင့် ငွေဖြည့်ကတ်များကို  ယနေ့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်အချိန်က မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။