ပခုက္ကူ ချည်မျှင်နှင့်အထည်စက်ရုံမှ ဗိုလ်မှူးအောင်ဇော်ဦးကို တော်လှန်ရေးအဖွဲ့များ ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပွား

တော်လှန်ရေးအဖွဲ့များ သိမ်းဆည်းသွားသည့် စစ်ကောင်စီဗိုလ်မှူးထံမှ ပစ္စည်းများ
တော်လှန်ရေးအဖွဲ့များ သိမ်းဆည်းသွားသည့် စစ်ကောင်စီဗိုလ်မှူးထံမှ ပစ္စည်းများ
ပခုက္ကူ ချည်မျှင်နှင့်အထည်စက်ရုံမှ ဗိုလ်မှူးအောင်ဇော်ဦးကို တော်လှန်ရေးအဖွဲ့များ ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပွား
သြဂုတ် 26, 2022 | နိုင်ငံရေး
By Tachileik News Agency

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့သစ်ရှိ အမှတ်(၅)ချည်မျှင်နှင့်အထည်စက်ရုံမှ ဗိုလ်မှူးအောင်ဇော်ဦးအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံရာမှ ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်မှူးအား ဝင်ရောက်ဖမ်းဆီးမှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး စစ်ကောင်စီတပ် ဗိုလ်မှူးကိုလည်း ဆေးရုံပို့ထားရသည်ဟု သိရသည်။

ပစ်ခတ်မှုကြောင့် စစ်ကူများထွက်လာသည့်သတင်းကြောင့် ဝင်ရောက်ဖမ်းဆီးသည့်အဖွဲ့က ပြန်လည်ဆုတ်ခွာလာပြီး စစ်ကောင်စီဗိုလ်မှူး၏ laptop၊ မှတ်စုစာအုပ်နှင့် ကားတစ်စီးတို့ကို သိမ်းဆည်းသွားကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မှတ်တမ်းများအရ ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များကို UG အဖွဲ့က ရရှိသွားကြောင်း သိရသည်။

အဆိုပါဗိုလ်မှူးသည် CDM များအား စက်ရုံမှ နှင်ထုတ်ခြင်း၊ ကိုယ်ထိလက်ရောက်ပြု လုပ်ခြင်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်ဟု သိရသည်။ 

အဆိုပါ စစ်ဆင်ရေးကို မဟာမိတ်တပ်ဖွဲဖြစ်သည့် Defense Team Pakokku (DTP)၊ ပခုက္ကူမြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ Young Force တို ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။