ကလောမြို့နယ်အတွင်း CDM ပါဝင်နေသည့် ဝန်ထမ်းများ ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရပါက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများက ကူညီပေးမည်

ကလောမြို့နယ်အတွင်း CDM ပါဝင်နေသည့် ဝန်ထမ်းများ ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရပါက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများက ကူညီပေးမည်
ဖေဖော်ဝါရီ 16, 2021 | နိုင်ငံရေး| ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ကို လက်မခံသည့်  ပြည်သူ့ဝန်ထမ်းများ၏ CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများ ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရပါက နေထိုင်စားသောက်ရေးအတွက် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများက ကူညီမည်ဟု သိရသည်။



အကူအညီလိုသည့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် အောင်ပန်းအကယ်ဒမီ၊ ပညာရိုးမနှင့် မိုးသောက်ကြယ် ကိုယ်ပိုင်ကျောင်းများ၌ လာရောက်နေထိုင်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Movement ကို လုပ်ဆောင်နေကြရာ အဆိုပါဝန်ထမ်းများအား စစ်အာဏာရှင်စနစ်ကို လက်မခံသည့်ပြည်သူများက ကူညီပေးနေကြခြင်းဖြစ်သည်။