ကျိုင်းကောင်များက ကင်ဆာရောဂါကို အနံ့ခံရှာဖွေနိုင်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ

ကျိုင်းကောင်များက ကင်ဆာရောဂါကို အနံ့ခံရှာဖွေနိုင်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ
By Mr John

ကင်ဆာရောဂါကို အစောပိုင်းအဆင့်တွင် ရှာဖွေသိရှိရန် ကျိုင်းကောင်များကို အသုံးပြုနိုင်ကြောင်း သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြသည်။ 

ကျိုင်းကောင်များက လူ့ခန္ဓာကိုယ်ရှိ ကျန်းမာသည့်ဆဲလ်နှင့် ကင်ဆာဆဲလ်များကြား ကွဲပြားခြားနားချက်များကို အနံ့ခံနိုင်စွမ်းရှိကြရာ လူသားများတွင် ကင်ဆာရောဂါရှိ မရှိ ရှာဖွေသိရှိနိုင်သော နည်းလမ်းသစ်ဖြစ်လာရန် လမ်းပွင့်သွားသည်ဟု ဆိုသည်။

 Derrick.L.Turner

ကျိုင်းကောင်များက ကင်ဆာဆဲလ်ကို အနံ့ခံမိစဥ် ၎င်းတို့၏ ဦးနှောက်က မတူညီသော ဓာတုအာရုံခံမှုများ ပို့လွှတ်ရာ သိပ္ပံပညာရှင်များက ထိုစနစ်ကိုသုံးပြီး ကင်ဆာရောဂါရှာဖွေရေးစက်အသစ် ဖန်တီးနိုင်မည်ဟု မျှော်လင့်ထားသည်။ 

ထိုစက်များက လူနာ၏ အသက်ရှူထုတ်မှုမှ ထွက်လာသည့်လေကို ကျိုင်းကောင်၏ အနံ့ခံအာရုံကို တုပထားသော ကိရိယာငယ်မှတစ်ဆင့် ဖြတ်သန်းစေခြင်းဖြင့် ကင်ဆာရောဂါ ရှာဖွေရန်ဖြစ်သည်။

"သီအိုရီအရ ကိရိယာတစ်ခုကနေတစ်ဆင့် အသက်ရှူထုတ်လိုက်ပြီးရင် ကင်ဆာအမျိုးမျိုးကို ရောဂါစဖြစ်တဲ့အဆင့်မှာတောင် သိရှိနိုင်ပါတယ်" ဟု အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တက္ကသိုလ်၏ ဇီဝဆေးဝါးအင်ဂျင်နီယာဌာန လက်ထောက်ပါမောက္ခ Debajit Saha က ပြောသည်။ 

ထိုကိရိယာ တီထွင်ဖန်တီးမှု အောင်မြင်ခဲ့ပါက ကင်ဆာရောဂါကို စောစီးစွာ သိရှိနိုင်တာကြောင့် ထိုရောဂါဖြစ်ပြီး အသက်ရှင်မှုနှုန်းကို ကြီးမားစွာ အကျိုးသက်ရောက်ရှိနိုင်ကြောင်း သိရသည်။

Source: Mirror