ဖယ်ခုံမြို့နယ်အတွင်း လွယ်ပေါကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ် ဝင်လာ၍ ဒေသခံများ ထွက်ပြေးနေ

ဖယ်ခုံမြို့နယ်အတွင်း လွယ်ပေါကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ် ဝင်လာ၍ ဒေသခံများ ထွက်ပြေးနေ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်နှင့်နယ်စပ် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြိုနယ်အတွင်းရှိ လွယ်ပေါကျေးရွာကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးနေကြရကြောင်း သိရသည်။

လွယ်ပေါကျေးရွာကို ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ဆောင်နန်းခဲရွာနှင့် လွယ်မကူးတောင်ပေါ်တွင်တပ်စွဲထားသော တပ်ဖွဲ့များမှဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာကို ဝင်ရောက်၍ ပစ်ခတ်နေခြင်းဖြစ်သည်ဟု  ဖယ်ခုံ PDF တပ်ရင်း ၂ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွာတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် အသက် ၄၀ ဝန်းကျင် ဒေသခံတစ်ဦး လက်မောင်းတွင် သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မြို့ရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များ မီးရှို့ခြင်း၊ တိုက်ပွဲမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်နေသည့်အတွက် ၎င်းတို့စစ်ကြောင်းဝင်လာသည်နှင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။