BOT စနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရာတွင် လက်ရှိစာချုပ်များကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ပြင်ဆင်ရေးဆွဲမည်
BOT စနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရာတွင် လက်ရှိစာချုပ်များကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ပြင်ဆင်ရေးဆွဲမည်
မေ 11, 2019
By Tachileik News Agency
နိုင်ငံတဝန်း အဝေးပြေးလမ်းမကြီးများကို တိုင်းရင်းသားပိုင်ကုမ္ပဏီများနှင့် BOT စနစ်ဖြင့် လုပ်ကိုင်နေပြီး လက်ရှိချုပ်ဆိုထားသော စာချုပ်များမှာ နိုင်ငံတကာစံချိန်စံညွန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် အသစ်ပြန်လည်ရေးဆွဲနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် ကီလိုမီတာ (၄၂၀၀၀) ကျော်ရှိသည့် လမ်းမများကို (၁၈) ပေအကျယ် ကတ္တရာကွန်ကရိလမ်းမများအဖြစ် ဖောက်လုပ်နိုင်ရန်၊ တံတားများအားလုံးကို (၂၄) ပေအကျယ် (၂) လမ်းသွား ကွန်ကရိတံတား၊ သံဘောင်တံတား အနည်းဆုံးရောက်ရှိရန် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါလမ်းပိုင်းများတွင် BOT (တည်ဆောက်ထိန်းသိမ်းလွှဲပြောင်းစနစ်)ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများအား ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုလမ်းတွေကို BOT လုပ်ငန်းတွေနဲ့ ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်က လမ်း၊ တံတားလုပ်ငန်းများမှာ ဘဏ္ဍာငွေကြေးစိုက်ထုတ် ကုန်ကျစရာမလိုဘဲ ပြည်သူတွေရဲ့ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ သုံးစွဲစေခြင်းအားဖြင့် ကဏ္ဍပေါင်းစုံတိုးတက်စေမှာ ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။
လမ်း၊ တံတားများကို BOT စနစ်ဖြင့် လုပ်ကိုင်ခြင်းကို ၁၉၉၆ ခုနှစ်တွင် လားရှိုး - မူဆယ်လမ်းပိုင်းအား လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် လမ်းတံတား (၃,၂၁၅)မိုင်ကို BOT ဖြင့်လုပ်ကိုင်နေသည့် တိုင်းရင်းသား BOT ကုမ္ပဏီပေါင်း (၂၅) ဖွဲ့ရှိနေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်နှင့် BOT စာချုပ်ချုပ်ဆိုလုပ်ကိုင်နေကြသည့်လုပ်ငန်းများအတွက် နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီသည့် BOT စာချုပ်ဖြစ်လာစေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာအထောက်အပံ့၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်ပင်ခံအဖွဲ့၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ BOT ကုမ္ပဏီလုပ်ငန်းရှင်များဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာသည့်ရလဒ်များဖြင့် စာချုပ်ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံတဝန်း အဝေးပြေးလမ်းမကြီးများကို တိုင်းရင်းသားပိုင်ကုမ္ပဏီများနှင့် BOT စနစ်ဖြင့် လုပ်ကိုင်နပြေီး လက်ရှိချုပ်ဆိုထားသော စာချုပ်များမှာ နိုင်ငံတကာစံချိန်စံညွန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် အသစ်ပြန်လည်ရေးဆွဲနိုင်ရန် ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။
"လောလောဆယ်တော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကလည်း ကန့်သတ်ချက်တွေရှိနေတော့ BOT ကိုပဲ အားထည့်ပြီးတော့ ဆောင်ရွက်ပေးမှာပေါ့။ လမ်းပိုင်းတွေမှာ BOT ကုမ္ပဏီတွေ လုပ်သာကိုင်သာရှိအောင် စာချုပ်တွေဘာတွေလည်း ပြင်ဆွဲနေတယ်။ BOT ကုမ္ပဏီများရဲ့ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းဆိုတာ ငွေကြေးများစွာရင်းနှီးမြှပ်နှံလုပ်ကိုင်ရတဲ့အတွက် လုပ်ကိုင်ခွင့်ပြုထားတဲ့ နှစ်ကန့်သတ်ချက်အတွင်း အရင်းကျပြေန်ရနိုင်မှု၊ ထိုက်သင့်တဲ့ဝင်ငွေ ပြန်ရနိုင်မှုတွေကို ချိန်ဆပြီးတော့ နိုင်ငံတကာစံနှုန်းများနဲ့ တွက်ချက်ပြီး ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ ပဋိဉာဉ်စာချုပ်တွေကို နိုင်ငံတကာစံနှုန်းများနဲ့ညီညွတ်အောင် ပြင်ဆင်ဖို့ ဆောင်ရွက်နေပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနဖြေင့် ၂၀၃၀ ခုနှစ်တွင် ကီလိုမီတာ (၄၂၀၀၀) ကျော်ရှိသည့် လမ်းမများကို (၁၈) ပေအကျယ် ကတ္တရာကွန်ကရိလမ်းမများအဖြစ် ဖောက်လုပ်နိုင်ရန်၊ တံတားများအားလုံးကို (၂၄) ပေအကျယ် (၂) လမ်းသွား ကွန်ကရိတံတား၊ သံဘောင်တံတား အနည်းဆုံးရောက်ရှိရန် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါလမ်းပိုင်းများတွင် BOT (တည်ဆောက်ထိန်းသိမ်းလွှဲပြောင်းစနစ်)ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများအား ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုလမ်းတွေကို BOT လုပ်ငန်းတွေနဲ့ ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်က လမ်း၊ တံတားလုပ်ငန်းများမှာ ဘဏ္ဍာငွေကြေးစိုက်ထုတ် ကုန်ကျစရာမလိုဘဲ ပြည်သူတွေရဲ့ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ သုံးစွဲစခြေင်းအားဖြင့် ကဏ္ဍပေါင်းစုံတိုးတက်စေမှာ ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။
လမ်း၊ တံတားများကို BOT စနစ်ဖြင့် လုပ်ကိုင်ခြင်းကို ၁၉၉၆ ခုနှစ်တွင် လားရှိုး - မူဆယ်လမ်းပိုင်းအား လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် လမ်းတံတား (၃,၂၁၅)မိုင်ကို BOT ဖြင့်လုပ်ကိုင်နေသည့် တိုင်းရင်းသား BOT ကုမ္ပဏီပေါင်း (၂၅) ဖွဲ့ရှိနပြေီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်နှင့် BOT စာချုပ်ချုပ်ဆိုလုပ်ကိုင်နကြေသည့်လုပ်ငန်းများအတွက် နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီသည့် BOT စာချုပ်ဖြစ်လာစေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာအထောက်အပံ့၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်ပင်ခံအဖွဲ့၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ BOT ကုမ္ပဏီလုပ်ငန်းရှင်များဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာသည့်ရလဒ်များဖြင့် စာချုပ်ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net