မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၀၅)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၀၅)ဦး ထပ်တိုး
နိုဝင်ဘာ 24, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၀၅)ဦး ထပ်တိုး 
မကွေးတိုင်းဒေသကြီးတွင် နိုဝင်ဘာလ(၂၄)ရက်နေ့တစ်ရက်တည်း Covid-19 အတည်ပြုလူနာ (၁၀၅)ဦးထပ်တိုးတွေ့ရှိရာတွင် အောင်လံမြို့က အများဆုံးအဖြစ် (၂၄)ဦး ပါဝင်ကြောင်း သိရသည်။
“နိုဝင်ဘာ(၂၄)ရက် နံနက်ပိုင်းနဲ့ ညပိုင်းမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၁၀၅)ဦး ထပ်တိုး တွေ့ရှိရတာမှာ အောင်လံက (၂၄)ဦး ပါရှိတာကြောင့် ဒီနေ့အထိ အတည်ပြုလူနာစုစုပေါင်း(၂၃၃)ဦးနဲ့ ပိုးတွေ့လူနာ အများဆုံးမြို့နယ်အဖြစ် ဆက်လက်ရပ်တည်နေလို့ အထူးဂရုစိုက်ကြဖို့လိုပါတယ်” ဟု မကွေးတိုင်း ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ နိုဝင်ဘာလ(၂၄)ရက် နံနက်/ည ထုတ်ပြန်ချက်အရ တိုင်းအတွင်း မြို့နယ်(၁၅)မြို့နယ်တွင် COVID-19 အတည်ပြုလူနာ (၁၀၅)ဦး ထပ်  တိုးတွေ့ရှိရပြီး အောင်လံမြို့နယ်က (၂၄)ဦးတွေ့ရှိရ၍ အတည်ပြုလူနာအများဆုံး တွေ့ရှိ ရသည့်မြို့နယ် အဖြစ် ဆက်လက်ရပ်တည်လျှက်ရှိနေကြောင်း သိရသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ နိုဝင်ဘာ(၂၄)ရက်နေ့တွင် ထုတ်ပြန်ချက်အရ RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ အောင်လံ (၂၄)ဦး၊ စလင်း (၉)ဦး၊ တောင်တွင်းကြီး (၅)ဦး၊ ပခုက္ကူ (၅)ဦး၊ ရေနံချောင်း (၅)ဦး၊ ဆိပ်ဖြူ (၃)ဦး၊ မြို့သစ် (၇)ဦး၊ ပွင့်ဖြူ (၁)ဦး နှင့် ဂန့်ဂေါ (၁)ဦး၊ မြိုင် (၃)ဦး၊ ပေါက် (၂)ဦး၊ မကွေး (၁၈)ဦး၊ နတ်မောက် (၁၄)ဦး၊ မင်းဘူး (၅)ဦး၊ သရက် (၃)ဦးတို့ ပါဝင်ရာ စုစုပေါင်း(၁၀၅)ဦး ဖြစ်သည်။
ပိုးတွေ့လူနာများအနက် အောင်လံ မှ (၁၁)ဦးမှာ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေမှုရှိသည့်အတွက် Quarantine ထားသူများဖြစ်ကြပြီး ကျန်သူများမှာ ယာဉ်မောင်းနှင့်၊ ရန်ကုန်ပြန်၊ စစ်ကိုင်း ပြန်၊ ကျုံပျော်ပြန် (Quarantine Centre)များမှ ဖြစ်ကြောင်း သိရပြီးသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့ ည(၈)နာရီအချိန်အထိ Covid-19 ပိုးတွေ့လူနာ စုစုပေါင်း(၁,၂၇၈)ဦးအထိ ရှိလာပြီး (၃)ဦးမှာ သေဆုံးသွားကာ (၈၉၂)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွား၍ လက်ရှိတွင် ဆေးကုသမှုခံယူနေသူ (၃၈၃)ဦးရှိနေကြောင်း သိရှိရသည်။ 

Tachileik News Agency
သတင်း-ဖီးနစ် 
ဓာတ်ပုံ- Si Phyo Thu

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~