ကျိုင်းတုံမြို့တွင် (၇)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၈)ဦး တွေ့ရှိပြီး (၁)ဦး သေဆုံး

ကျိုင်းတုံမြို့တွင် (၇)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၈)ဦး တွေ့ရှိပြီး (၁)ဦး သေဆုံး
သြဂုတ် 23, 2022 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း၌ ဩဂုတ်လ(၂၂)ရက်နေ့အထိ (၇)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၈)ဦးရှိပြီး (၁)ဦး သေဆုံးကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့က (၅၅)ဦးကို Covid-19 စစ်ဆေးရာ ကျိုင်းတုံဆေးရုံကြီးတွင် မိုင်းပျဉ်းမြို့နယ် မိုင်းဖူးလုံကျေးရွာကနေ ဆေးလာကုသည့် အမျိုးသားတစ်ဦးတွင် Covid-19 တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ဩဂုတ်လ(၁၉)ရက်နေ့တွင်လည်း (၃၈)ဦးကို Covid-19 စစ်ဆေးရာ အမျိုးသား(၁)ဦးတွင် တွေ့ရသလို ဩဂုတ်လ(၂၀)ရက်နေ့တွင်လည်း စုစုပေါင်း(၁၀၄)ဦးကို စစ်ဆေးရာ (၄)ဦးတွင် Covid-19 တွေ့ရကြောင်း သိရသည်။

ဩဂုတ်လ(၂၁)ရက်နေ့ကလည်း စုစုပေါင်း (၄၈)ဦးကို စစ်ဆေးရာက ဝမ်ကန်ကျေးရွာမှ အမျိုးသားတစ်ဦးတွင် Covid-19 တွေ့ရသည်။

ဆက်လက်ပြီး ဩဂုတ်လ(၂၂)ရက်နေ့တွင် (၇၂)ဦးကို စစ်ဆေးရာ ဟွေခါးရွာမှ အမျိုးသမီးတစ်ဦးတွင် Covid-19 တွေ့ရကြောင်း နှင့် ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့တွင် လူဦးရေ (၆၀)ဦးကို စစ်ဆေးရာ တစ်ဦးမှ Covid-19 ပိုးမတွေ့ရကြောင်း သိရသည်။ 

ကျိုင်းတုံမြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့အထိ လူပေါင်း (၃၃၄)ဦးကို စစ်ဆေးခဲ့ရာမှ (၈)ဦးတွင် Covid-19 ပိုးတွေ့ပြီး ထို(၈)ဦးထဲမှ အမျိုးသားတစ်ဦးမှာ ဩဂုတ်လ(၂၁)ရက်နေ့တွင် ကျိုင်းတုံဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။