တာခ်ီလိတ္ မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္၏ အႏၱိမအ၈ၢိစ်ာပနကို ေအာက္တုိဘာ ၃၀ တြင္ က်င္းပမည္

တာခ်ီလိတ္ မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္၏ အႏၱိမအ၈ၢိစ်ာပနကို ေအာက္တုိဘာ ၃၀ တြင္ က်င္းပမည္
စက်တင်ဘာ 8, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပနကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္တြင္ ျပဳလုပ္မည္ျဖစ္ၿပီး ေနရာေရြးခ်ယ္ေရးအတြက္ စက္တင္ဘာလ (၁၅)ရက္ေန႔တြင္ ေဆြးေႏြးမည္ျဖစ္သည္။

ဆရာေတာ္၏ အႏၱိမအ၈ၢိစ်ာပနက်င္းပေရးအတြက္ စက္တင္ဘာလ (၈)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ ဆရာေတာ္၊ က်ိဳင္းတံုၿမိဳ႕မွ ဝစီပိတ္ဆရာေတာ္ႏွင့္ ဓေမၼာဒယစာသင္တုိက္မွ ဆရာေတာ္တုိ႔ အပါအဝင္ ဆရာေတာ္၊ သံဃာေတာ္မ်ား၊ စစ္ဘက္နယ္ဘက္မွ တပည့္ဒကာ၊ ဒကာမမ်ား စည္းေဝးၾကၿပီး ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ အႏၱိမအဂၢိစ်ာပနာက်င္းပေရး သေဘာတူဆံုးျဖတ္ခဲ့ၾကသည့္အျပင္ လက္ရွိေက်ာင္းတြင္ သီတင္းသံုးေနေသာ လက္ေထာက္ဆရာေတာ္ အရွင္အာဒိစၥဝံသာ လကၤာရအား ေက်ာင္းထိုင္ဆရာေတာ္အျဖစ္ ေက်ာင္းအပ္ႏွံခဲ့ၾကသည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ သက္ေတာ္ (၈၅)ႏွစ္အရြယ္၊ ဝါေတာ္ (၆၅)ဝါ၊ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၇)ရက္ေန႔ ည (၉) နာရီ မိနစ္ (၄၀) တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိကို တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာတြင္ ၁၉၃၆ ခုႏွစ္၌ ဖြားျမင္ခဲ့ျခင္းျဖစ္ၿပီး ငယ္နာမည္မွာ စိုင္းဖတ္ျဖစ္သည္။

စိုင္းဖတ္သည္ အသက္(၁၁)ႏွစ္အရြယ္တြင္ ယန္းခမ္းေက်ာင္းဆရာေတာ္ အရွင္ေသာဘိတမေထရ္ထံ ရွင္သာမေဏအျဖစ္ျဖင့္ သာသနာ့ေဘာင္စတင္ဝင္ေရာက္ခဲ့ၿပီး ၁၉၆၈ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္တြင္ စတင္ဖြင့္လွစ္သည့္ ဓေမၼာဒယပရိယတၱိစာသင္တုိက္တြင္ စာခ်အဖြဲ႕ေခါင္းေဆာင္အျဖစ္ သာသနာ့တာဝန္ထမ္းေဆာင္ရင္း ၁၉၇၈ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔တြင္ ရဟန္းသက္ (၁၈) ဝါ၌ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ေက်ာင္းအပ္ႏွံခံရျခင္းျဖစ္သည္။

ဆရာေတာ္အား ၁၉၇၈ ခုႏွစ္တြင္ သွ်မ္းဂိုဏ္း ယြန္းဂိုဏ္းသံဃာေတာ္မ်ားႏွင့္ ဒကာဒကာမမ်ားက ယြန္းဂိုဏ္းသံဃာ၏ တတိယအဆင့္ျဖစ္သည့္ ဆြာတိဘြဲ႕ေတာ္၊ ၁၉၉၆ ခုႏွစ္တြင္ သံဃသမဂၢ သွ်မ္းဂိုဏ္းသံဃာအဖြဲ႕က နာယကဂိုဏ္းခ်ုပ္ဘြဲ႔၊ ၂၀၀၄ ခုႏွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ၿမိဳ႕နယ္သံဃာ့နာယက(ေရႊက်င္)အျဖစ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ သာသနာေရးဝန္ႀကီးဌာနက အဂၢမဟာသဒၶမၼေဇာတိကဓဇဘြဲ႕တို႔ကို ဆက္ကပ္ခဲ့ေၾကာင္း ၂၀၀၄ ခုႏွစ္က ထုတ္ေဝထားသည့္ သာသနာ့ေရာင္ျခည္ ဂုဏ္ျပဳမွတ္တမ္းတြင္ ေဖၚျပထားသည္။

မဟာျမတ္မုနိေက်ာင္းဝင္းအတြင္း စက္တင္ဘာလ (၉)ရက္ေန႔မွ (၁၄)ရက္ေန႔အထိ ေဝႆႏၱရာ ရြတ္ဖတ္ပူေဇာ္ပြဲ က်င္းပမည္ျဖစ္ၿပီး အဆိုပါပြဲအၿပီးတြင္ အစည္းအေဝး ထပ္မံက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္ဝင္းစိန္၊ Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ် မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော်၏ အန္တိမအ၈္ဂိဈာပနကို အောက်တိုဘာ ၃၀ တွင် ကျင်းပမည်
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နေရာရွေးချယ်ရေးအတွက် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်သည်။

ဆရာတော်၏ အန္တိမအ၈္ဂိဈာပနကျင်းပရေးအတွက် စက်တင်ဘာလ (၈)ရက်နေ့တွင် တာချီလိတ်မြို့မှ နဂါးနှစ်ကောင် ဆရာတော်၊ ကျိုင်းတုံမြို့မှ ဝစီပိတ်ဆရာတော်နှင့် ဓမ္မောဒယစာသင်တိုက်မှ ဆရာတော်တို့ အပါအဝင် ဆရာတော်၊ သံဃာတော်များ၊ စစ်ဘက်နယ်ဘက်မှ တပည့်ဒကာ၊ ဒကာမများ စည်းဝေးကြပြီး အောက်တိုဘာလ (၃၀)ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနာကျင်းပရေး သဘောတူဆုံးဖြတ်ခဲ့ကြသည့်အပြင် လက်ရှိကျောင်းတွင် သီတင်းသုံးနေသော လက်ထောက်ဆရာတော် အရှင်အာဒိစ္စဝံသာ လင်္ကာရအား ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံခဲ့ကြသည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် သက်တော် (၈၅)နှစ်အရွယ်၊ ဝါတော် (၆၅)ဝါ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့ ည (၉) နာရီ မိနစ် (၄၀) တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် ၁၉၃၆ ခုနှစ်၌ ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ငယ်နာမည်မှာ စိုင်းဖတ်ဖြစ်သည်။

စိုင်းဖတ်သည် အသက်(၁၁)နှစ်အရွယ်တွင် ယန်းခမ်းကျောင်းဆရာတော် အရှင်သောဘိတမထေရ်ထံ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် စတင်ဖွင့်လှစ်သည့် ဓမ္မောဒယပရိယတ္တိစာသင်တိုက်တွင် စာချအဖွဲ့ခေါင်းဆောင်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် ရဟန်းသက် (၁၈) ဝါ၌ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံခံရခြင်းဖြစ်သည်။

ဆရာတော်အား ၁၉၇၈ ခုနှစ်တွင် သျှမ်းဂိုဏ်း ယွန်းဂိုဏ်းသံဃာတော်များနှင့် ဒကာဒကာမများက ယွန်းဂိုဏ်းသံဃာ၏ တတိယအဆင့်ဖြစ်သည့် ဆွာတိဘွဲ့တော်၊ ၁၉၉၆ ခုနှစ်တွင် သံဃသမဂ္ဂ သျှမ်းဂိုဏ်းသံဃာအဖွဲ့က နာယကဂိုဏ်းချုပ်ဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မြို့နယ်သံဃာ့နာယက(ရွှေကျင်)အဖြစ်နှင့် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တို့ကို ဆက်ကပ်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်က ထုတ်ဝေထားသည့် သာသနာ့ရောင်ခြည် ဂုဏ်ပြုမှတ်တမ်းတွင် ဖေါ်ပြထားသည်။

မဟာမြတ်မုနိကျောင်းဝင်းအတွင်း စက်တင်ဘာလ (၉)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဝေဿန္တရာ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲအပြီးတွင် အစည်းအဝေး ထပ်မံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်၊ Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net