တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုအတွင်း လက်နက်နှင့်မူးယစ်ဆေးဝါး ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိ

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုအတွင်း လက်နက်နှင့်မူးယစ်ဆေးဝါး ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း လက်နက်နှင့် မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာတွင်းရှိ အိုက်အေး(ခ)စိုင်းအေး၏ နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့က ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ရှာဖွေရာမှ လက်နက်နှင့် မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာတွင် အိုက်အေး(ခ)စိုင်းအေးကို မတွေ့ရှိရသော်လည်း နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၀၀၀)ပြားနှင့်  စိတ်ကြွရူးသွပ်ဆေးအမှုန့်(၂)ကီလိုတို့ကို တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်ရှာဖွေရာတွင်လည်း နေအိမ်အတွင်းမှ AK 47 သေနတ် (၁)လက်၊ ခြောက်လုံးပြူး သေနတ်(၁)လက်၊ လေသေနတ်(၁)လက် နှင့် တူမီးသေနတ်(၁)လက် အပါအဝင် ကျည်မျိုးစုံ စုစုပေါင်း (၈၅)တောင့် နှင့် ကျည်အိမ် စုစုပေါင်း (၁၂)ခုတို့ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိသည်ဟု သိရသည်။

ပိုင်ရှင်မဲ့အဖြစ် လက်နက်နှင့်မူးယစ်ဆေးဝါးများကို သိမ်းဆည်းခဲ့ကြပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

#TachileikNewsAgency