မိုင်းယောင်းမြို့နယ်အတွင်း မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ခရီးသွားရာဇဝင်ကောက်ခံကာ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေ

မိုင်းယောင်းမြို့နယ်အတွင်း မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ခရီးသွားရာဇဝင်ကောက်ခံကာ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေ
စက်တင်ဘာ 21, 2020
By Tachileik News Agency

မိုင်းယောင်းမြို့နယ်အတွင်း မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ခရီးသွားရာဇဝင်ကောက်ခံကာ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေ  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ခရီးသွားရာဇဝင် ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများအပြင် ရပ်/ကျေးထောက်ခံစာပါမှ မြို့တွင်း ဝင်ခွင့်ပြုကြောင်း သိရသည်။
မိုင်းယောင်း-မိုင်းဖြတ် သွားလမ်းပေါ်ရှိ မိုင်းယောင်းမြို့အဝင် မုန်းလိုက်တံတားစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်၊ ဆိုင်ကယ်များပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် ဝင်/ထွက်သွားလာသော ပြည်သူတစ်ဦးချင်းကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးအတွက် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့မှ နေ့အလိုက် တာဝန်ကျအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း သိရသည်။
မိုင်းယောင်းတွင် COVID 19 ကာကွယ်ရေးအတွက် (Mask)တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့က Mask Campaign ပြုလုပ်ပြီး မတပ်ထားသူများအား ဒဏ်ပေးသည့်အနေဖြင့် ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ဝယ်ယူတပ်ဆင်စေခြင်း၊ ညပိုင်းစားသောက်ဆိုင်များစစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့နှင့် နေ့လယ်ပိုင်းဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များစစ်ဆေးမှုကြီးကြပ်အဖွဲ့များ ဖွဲ့စည်းထားပြီး စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များနှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်မှုရှိစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~