တာချီလိတ်မြို့တွင် COVID-19 အတည်ပြုလူနာ (၁၀) ဦး ဆေးရုံဆင်း

တာချီလိတ်မြို့တွင် COVID-19 အတည်ပြုလူနာ (၁၀) ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် COVID-19 အတည်ပြုလူနာ (၁၀) ဦး ဆေးရုံဆင်း 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆေးကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာများအနက် ကလေးလူနာ (၃)ဦးအပါအဝင် အတည်ပြုလူနာ (၁၀) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ရရှိ၍ လက်ရှိတွင် ကုသဆောင်များ၌ (၁၄)ဦးသာ ကျန်ရှိသည်။
တာချီလိတ်မြို့ဆေးရုံဟောင်းအတွင်းရှိ ကုသဆောင်မှ COVID-19 အတည်ပြုလူနာ (၆) ဦးနှင့် မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ ကုသဆောင်မှ COVID-19 အတည်ပြုလူနာ (၄) ဦးတို့ ဆေးရုံမှဆင်းခွင့်ရရှိသွားခြင်းဖြစ်သည်။
ယနေ့ဆေးရုံဆင်းလူနာများမှာ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ မိုင်းဖုန်း(က)နှင့် မယ်ခေါင်ရပ်ကွက်များမှဖြစ်ပြီး နေအိမ်၌ ဆက်လက်၍ (၇) ရက် အသွားအလာကန့်သတ်နေထိုင်ကြရမည်ဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၈) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၁၀၂) ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၈၈) ဦးရှိသွားပြီဖြစ်၍ အတည်ပြုလူနာ (၁၄) ဦး ဆေးရုံတွင် ကျန်ရှိနေသည်။
COVID 19 အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိပါက ကုသဆောင်များတွင် (၁၁)ရက်တိတိ စောင့်ကြည့်ထားရှိပြီးနောက် ကုသရန် မလိုအပ်ပါက ဆေးရုံဆင်းခွင့်ပေးပြီး နေအိမ်တွင် ဆက်လက်၍ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းအထိ အတည်ပြုလူနာ (၁၀၂) ဦးတွေ့ထားရခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~