တာချီလိတ် တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံဘက်တွင် မြန်မာဘက်မှ သယ်လာသည့် မူးယစ်ဆေးများဖမ်းမိ

တာချီလိတ် တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံဘက်တွင် မြန်မာဘက်မှ သယ်လာသည့် မူးယစ်ဆေးများဖမ်းမိ
သြဂုတ် 17, 2022 | နိုင်ငံတကာသတင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နှင့် နယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ တုန်ဖန်းခရိုင်တွင် မြန်မာဘက်က သယ်လာသည့် မူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း သိရသည်။

သတင်းအရ တုန်ဖန်းခရိုင်ရှိ နေအိမ်တစ်လုံးကို စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၆)သိန်းကျော်အပါအဝင် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရသဖြင့် နေအိမ်ပိုင်ရှင်လင်မယားကို ဖမ်းဆီးထားကြောင်း သိရသည်။  

မူးယစ်ဆေးဝါးများနှင့်အတူ ထိုင်းဘတ်ငွေ သိန်း (၄၀)ကျော်၊ တရုတ်ယွမ်ငွေ (၁)သောင်း၊ မော်တော်ယာဉ်များကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများနှင့်ဆက်စပ်၍ လာအိုရဲတပ်ဖွဲ့က ဆက်လက်ဖေါ်ထုတ်နေသည်ဟု သိရသည်။

လာအိုနိုင်ငံ တုန်ဖန်းခရိုင်နှင့် တာချီလိတ်ခရိုင်ကြား မဲခေါင်မြစ်မှ တရားမဝင် ဖြတ်ကူးမှုများရှိနေပြီး တာချီလိတ်ဘက်ကမ်းတွင် အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူထားခြင်းဖြစ်သည်။

#TachileikNewsAgency

Source: Bokeo Newspaper