မြန်မာ့နိုင်ငံရေးကြောင့် ထိုင်းဘက်တွင် လတ်တလော ဖွင့်လှစ်ထားသည့် စခန်းများမှာ ယာယီစစ်ဘေးရှောင်စခန်းသာ ဖြစ်ပြီး  နိုင်ငံရေးခိုလှုံရာ စခန်းမဟုတ်

မြန်မာ့နိုင်ငံရေးကြောင့် ထိုင်းဘက်တွင် လတ်တလော ဖွင့်လှစ်ထားသည့် စခန်းများမှာ ယာယီစစ်ဘေးရှောင်စခန်းသာ ဖြစ်ပြီး  နိုင်ငံရေးခိုလှုံရာ စခန်းမဟုတ်

မြန်မာ့နိုင်ငံရေးကြောင့် ထိုင်းဘက်တွင် လတ်တလော ဖွင့်လှစ်ထားသည့် စခန်းများမှာ ယာယီစစ်ဘေးရှောင်စခန်းသာ ဖြစ်ပြီး  နိုင်ငံရေးခိုလှုံရာ စခန်းမဟုတ်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းဆိုသည်မှာ ယာယီစစ်ဘေးရှောင်စခန်းသာဖြစ်ပြီး နိုင်ငံရေးခိုလှုံရာ စခန်းမဟုတ်ကြောင်း သိရသည်။

"အဲ့ဒါက နိုင်ငံရေးအတွက် ခိုလှုံရာစခန်းမဟုတ်ဘူး။ တကယ်လို့ တာချီလိတ်ဘက်မှာ တိုက်ပွဲဖြစ်တာတို့အတွက် တိမ်းရှောင်လာမယ်ဆို သူတို့က လက်ခံမှာ။ ယာယီစစ်ဘေးရှောင်စခန်းပေါ့၊ လက်ခံတဲ့အခါမှာလည်း ကိုဗစ်ကာကွယ်ရေးအတွက် အဓိက လုပ်မှာ ပြီးရင် တာချီလိတ်ဘက် ငြိမ်သွားရင် TBC နဲ့ ချိတ်ပြီး ပြန်ပို့မဲ့အနေအထားရှိတယ်။ အဲ့ဒါကြောင့် မယ်ဆိုင်ဘက်ကို နိုင်ငံရေးအတွက် ခိုလှုံဖို့ လာမယ်ဆိုရင်တော့ စိတ်မချရဘူး၊ မလာစေချင်ဘူး"ဟု မယ်ဆိုင်မြို့နယ်အဆင့် ဝန်ထမ်းတစ်ဦးက ပြောသည်။

မယ်ဆိုင်ဘက်တွင် ဖွင့်လှစ်ထားသည့် စခန်းနှင့် ပတ်သက်၍ မြန်မာဘက်က TBC အလွတ်သဘောဆွေးနွေးပွဲတွင် မြန်မာဘက်မှ ထိုင်းနိုင်ငံဘက်သို့  တိမ်းရှောင် ရောက်ရှိလာမည့်သူများကို ကူညီရန်အတွက် မည်သည့်စံနှုန်းဖြင့် ဒုက္ခသည်အဖြစ် လက်ခံကြောင်း  မေးမြန်းရာတွင် ထိုင်းဘက်က ထိုင်းဘက်အနေဖြင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီအဖြစ် အရေးပေါ် စခန်းအနေဖြင့်သာ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ တစ်ယောက်မှ ရောက်ရှိလာခြင်း မရှိသေးကြောင်း ထိုင်းဘက်က ဖြေကြားထားရှိသည်။

အဆိုပါ ယာယီစစ်ဘေးရှောင်စခန်းများတွင် အဓိက အားဖြင့် Covid-19 ကာကွယ်ရေးအတွက် ဦးစားပေးလုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အာဏာသိမ်းမှုနှင့် ပတ်သက်၍ စစ်အာဏာရှင်ဆန့်ကျင်သူများ၊ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများ၊ နိုင်ငံရေးကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူများအနေဖြင့် နိုင်ငံရေးခိုလှုံရာစခန်းသို့ သွားမည်ဆိုပါက UN အသိအမှတ်ပြုပြီး ထောက်ပံ့ထားသည့် စခန်းကိုသာ သေချာစုံစမ်းပြီးမှသာ သွားစေလိုပြီး လက်ရှိဖွင့်ထားသည့် ယာယီစစ်ဘေးရှောင်စခန်းသည်   ဒေသအာဏာပိုင်များမှ စစ်တပ်နှင့်ပူးပေါင်းကာ ဖွင့်လှစ်ထားသည့် စခန်းများသာ ဖြစ်ကြောင်း သိရသည်။ 

 

" မြန်မာ - ထိုင်းနယ်စပ်မှာ UN ပံ့ပိုးမှုနဲ့ ဖွင့်ထားတဲ့ စခန်းတွေ ရှိတယ်။ အဲ့စခန်းတွေကတော့ စိတ်ချရတယ်။ ကျန်တဲ့ စခန်းတွေကတော့ စိတ်မချရဘူး။ အခု မယ်ဆိုင်ဘက်မှာ ဖွင့်ထားတဲ့ စခန်းလည်း အဲ့လိုပဲ လာသမျှလူကို လက်ခံနိုင်တယ်။ ပြီးရင် ပြန်ပို့မှာပဲ။ ထိုင်းနိုင်ငံ တောင်ပိုင်း နယ်စပ်ဘက်မှာတော့ လာသမျှလူတွေကို သတ်မှတ်ရက်အတိုင်း ထားပြီး မြန်မာဘက်ကို ပြန်ပို့ဖို့ အစီအစဉ်တွေရှိတယ်လို့ ကြားတယ်။"ဟု ထိုင်းနိုင်ငံအတွင်း မြန်မာ့အရေးကူညီပေးနေသူ တစ်ဦးက ပြောသည်။



အချို့ ယာယီစစ်ဘေးရှောင်စခန်းများတွင် အာဏာသိမ်းစစ်အုပ်စုက ဖမ်းဝရမ်းထုတ်ထားသူများ၏ ပုံများကိုလည်း TBC ကနေ တဆင့် ပေးပို့ကာ ထားရှိကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တက်ခ်ခရိုင်တွင် နိုင်ငံရေးခိုလှုံရန် မဟုတ်သည့် စစ်ဘေးရှောင်စခန်း (၁၀)ခု၊ ချင်းရိုင်ခရိုင်တွင် (၂)ခု နှင့် ရနောင်းတွင် (၂)ခု ဖွင့်လှစ်ထားကြောင်း လတ်တလောသိထားရသည်။ 

 

 

Tachileik News Agency

Photo: prachachat