ဂြိုဟ်တုဓာတ်ပုံများအရ ခရိုင်မီးယားဒေသရှိ ရုရှားလေတပ်စခန်း ဆိုးရွားစွာ ပျက်စီးနေကြောင်း တွေ့ရ

ဂြိုဟ်တုဓာတ်ပုံများအရ ခရိုင်မီးယားဒေသရှိ ရုရှားလေတပ်စခန်း ဆိုးရွားစွာ ပျက်စီးနေကြောင်း တွေ့ရ
သြဂုတ် 12, 2022 | နိုင်ငံတကာသတင်း
By Mr John

ဩဂုတ်လ (၁၁) ရက်နေ့က ထုတ်ပြန်လိုက်သည့် ဂြိုဟ်တုဓာတ်ပုံများအရ ခရိုင်မီးယားဒေသရှိ ရုရှားလေတပ်စခန်းတွင် အပျက်အစီးများ ဖြစ်ပေါ်နေသည်ကို တွေ့ခဲ့ရသည်။ 

ယူရိကန်းတပ်ဖွဲ့များထံတွင် တာဝေးပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသည့် လက်နက်သစ်များရှိလာပြီဖြစ်ကာ ရုရှားလေတပ်စခန်းမှာ ထိုတိုက်ခိုက်မှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ဖြစ်သည်ဟု ယူဆရသည်။

ယူကရိန်းအနောက်ပိုင်း ရုရှားအုပ်ချုပ်သည့် ခရိုင်မီးယားဒေသရှိ Saky လေတပ်စခန်းတွင် ဩဂုတ်လ (၉) ရက်နေ့က ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ရုရှားလေတပ်စခန်း၏ လေယာဥ်ပြေးလမ်းမှာ ပျက်စီးမှုမရှိသော်လည်း Su-24Ms အပါအဝင် အနည်းဆုံး လေယာဥ် (၈) စီး ထိခိုက်ပျက်စီးခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

ယူကရိန်းက ထိုလေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောခြင်းမရှိသေးသော်လည်း ယခုအထောက်အထားသစ်များအရ တာဝေးပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိလာကြောင်း ယူဆရသည်။ 

အမေရိကန်အခြေစိုက် Planet Labs က ထုတ်ပြန်လိုက်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ခရိုင်းမီးယားဒေသရှိ ရုရှားလေတပ်စခန်း ကြီးကြီးမားမား ပျက်စီးနေသည်ကို တွေ့ရသည်။

ရုရှားဘက်ကမူ လေယာဥ်ပျက်စီးခဲ့ခြင်းကို ငြင်းဆိုခဲ့ပြီး ဩဂုတ်လ (၉) ရက်နေ့က လေတပ်စခန်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများမှာ မတော်တဆမှုဖြစ်ကြောင်း ပြောသည်။ 

ပင်လယ်နက်ကျွန်းဆွယ်ဖြစ်သည့် ခရိုင်မီးယားဒေသကို ရုရှားက ယူကရိန်းထံမှ ၂၀၁၄ ခုနှစ်တွင်း ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ယခုအခါ ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်နေသည့် ၎င်း၏တပ်ဖွဲ့များအတွက် အဓိက အထောက်အပံ့လမ်းကြောင်းအဖြစ် အသုံးပြုနေသည်။

Source: BBC, Reuters