ကျိုင်းလပ်မြို့ရှိ အလက(နမ့်ကိုင်း)တွင် ကျောင်းသားများကို အချိန်ပိုကြေး ဘတ်(၂၀၀)ကောက်ခံ

ကျောင်းတွင်း Covid-19 ကာကွယ်ဆေး ထိုးစဉ်က ပုံ
ကျောင်းတွင်း Covid-19 ကာကွယ်ဆေး ထိုးစဉ်က ပုံ
ကျိုင်းလပ်မြို့ရှိ အလက(နမ့်ကိုင်း)တွင် ကျောင်းသားများကို အချိန်ပိုကြေး ဘတ်(၂၀၀)ကောက်ခံ
ဇူလိုင် 6, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့ရှိ အလက(နမ့်ကိုင်း)တွင် ကျောင်းသားများကို အချိန်ပိုကြေးဟုဆိုကာ တစ်ဦးလျှင် ဘတ်(၂၀၀)ကောက်ခံနေ၍ အဆင်မပြေသည့် ကျောင်းသားမိဘများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အချိန်ပိုကြေးဆိုပြီး တစ်ဦးကို တစ်လ ဘတ်(၂၀၀)ကောက်ခံနေပါတယ်။ ကျောင်းသားမိဘများက အဆင်မပြေပေမဲ့လည်း ပေးနေရတယ်"ဟု ကျောင်းသားမိဘတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အလက(နမ့်ကိုင်း)တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ကျော်ရှိနေပြီး အချိန်ပိုကြေး ဘတ်(၂၀၀)အဖြစ် မဖြစ်မနေ ပေးနေရသည်ဟု သိရသည်။

 

#TachileikNewsAgency