တအာင်း(ပလောင်)ဒေသရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ရာထူးမှ နုတ်ထွက်ကြရန် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

တအာင်း(ပလောင်)ဒေသရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ရာထူးမှ နုတ်ထွက်ကြရန် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသအတွင်းရှိ မြို့နယ်အားလုံးတွင်ရှိသော စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနအသီးသီးမှ Non-CDM ဝန်ထမ်းများအားလုံး မိမိစိတ်ဆန္ဒဖြင့် ရာထူးမှ နုတ်ထွက်ကြရန် တအာင်း(ပလောင်)ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ (၂၀)ရက်တွင် ကြေငြာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

No photo description available.

လက်ရှိအချိန်တွင် စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်ရန် ကြိုးပမ်းခြင်း၊ CDM အင်အားများ လျော့နည်းရန် လုပ်ဆောင်ခြင်းများဖြင့် ပြည်သူက ၎င်းတို့ဘက်ရှိသယောင် နိုင်ငံတကာကို လှည့်ဖျားနေကြောင်းလည်း ကြားကာလ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ထိုလုပ်ဆောင်မှုများကြောင့် စစ်ကောင်စီက ဖွင့်လှစ်သည့် တက္ကသိုလ်များ၊ ကျောင်းများကိုလည်း တက်ရောက်ခြင်းမပြုကြရန် တိုက်တွန်းထားသည်။

Non-CDM ဝန်ထမ်းများအနေဖြင့်လည်း ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုကို လိုက်လျောခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်းလည်း ကြားကာလ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

တအာင်း(ပလောင်)ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ နှင့် ကျောက်မဲ (၇) မြို့နယ်အတွက် ကိုယ်စားပြုကာ ၂၀၂၁ခုနှစ် မတ်လအတွင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။