လားရိႈးတြင္ ကားေရေဆးဆီလိုက္ဆုိင္၏ စတိုခန္းမီးေလာင္မႈျဖစ္ပြား

လားရိႈးတြင္ ကားေရေဆးဆီလိုက္ဆုိင္၏ စတိုခန္းမီးေလာင္မႈျဖစ္ပြား
ဧပြီ 9, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕ အမွတ္ ( ၂ ) ရပ္ကြက္၊ နယ္ေျမ (၂) ရွိ ကားေရေဆးဆီလိုက္ဆိုင္၏ စတိုခန္းအတြင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၉) ရက္ေန႔ နံနက္ပိုင္းက မီးေလာင္မႈျဖစ္ပြားၿပီး မီးေလာင္ရသည့္အေၾကာင္းရင္းကို စစ္ေဆးဆဲျဖစ္ေၾကာင္း သိရသည္။

"ေရေဆး၊ ဆီလိုက္လုပ္ငန္းလုပ္တဲ့ဆိုင္က အခန္းတစ္ခုအထဲမွာ မီးစေလာင္တာ။ ဘာေၾကာင့္ မီးစေလာင္ရတယ္ ဆိုတာေတာ့ မသိေသးဘူး။ အဲဒီမွာက ဆီေတြ၊ တာယာေတြလည္းရွိေတာ့ မီးကသိပ္မႀကီးေပမဲ့ မီးခိုးလံုးႀကီးတက္လာၿပီး ေဘးပတ္ဝန္းက်င္နဲ႔ အဲဒီဆိုင္က လူေတြ၊ မီးသတ္ေတြ ဝိုင္းၿငိမ္းလိုက္တာ ခဏနဲ႔ပဲ မီးၿငိမ္းသြားတယ္။ လူေတြ ဘာေတြထိခိုက္တာမေတြ႔ဘူး" ဟု မီးေလာင္မႈျဖစ္ပြားရာကို ကူညီၿငိႇမ္းသတ္ေပးခဲ့သည့္ ကိုဇင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔  ေျပာသည္။

 ကန္ေတာ္ဦး ေရေဆးဆီလိုက္ဆိုင္ရွိ ေပ (၂၀) ပတ္လည္ခန္႔ စတိုခန္းအတြင္း နံနက္ (၁၀) နာရီခန္႔က မီးစတင္ေလာင္ကၽြမ္းၿပီး (၁၀)နာရီ မိနစ္(၂၀)တြင္ မီးၿငိမ္းသတ္ႏုိင္ခဲ့ေၾကာင္း သိရၿပီး မီးေလာင္ဆံုးရႈံးမႈတန္ဖိုးႏွင့္ မီးေလာင္ရျခင္းအေၾကာင္းရင္းတုိ႔ကို မီးသတ္တပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု # ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးတွင် ကားရေဆေးဆီလိုက်ဆိုင်၏ စတိုခန်းမီးလောင်မှုဖြစ်ပွား
*******
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် ( ၂ ) ရပ်ကွက်၊ နယ်မြေ (၂) ရှိ ကားရေဆေးဆီလိုက်ဆိုင်၏ စတိုခန်းအတွင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး မီးလောင်ရသည့်အကြောင်းရင်းကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

"ရေဆေး၊ ဆီလိုက်လုပ်ငန်းလုပ်တဲ့ဆိုင်က အခန်းတစ်ခုအထဲမှာ မီးစလောင်တာ။ ဘာကြောင့် မီးစလောင်ရတယ် ဆိုတာတော့ မသိသေးဘူး။ အဲဒီမှာက ဆီတွေ၊ တာယာတွေလည်းရှိတော့ မီးကသိပ်မကြီးပေမဲ့ မီးခိုးလုံးကြီးတက်လာပြီး ဘေးပတ်ဝန်းကျင်နဲ့ အဲဒီဆိုင်က လူတွေ၊ မီးသတ်တွေ ဝိုင်းငြိမ်းလိုက်တာ ခဏနဲ့ပဲ မီးငြိမ်းသွားတယ်။ လူတွေ ဘာတွေထိခိုက်တာမတွေ့ဘူး" ဟု မီးလောင်မှုဖြစ်ပွားရာကို ကူညီငြှိမ်းသတ်ပေးခဲ့သည့် ကိုဇင်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

 ကန်တော်ဦး ရေဆေးဆီလိုက်ဆိုင်ရှိ ပေ (၂၀) ပတ်လည်ခန့် စတိုခန်းအတွင်း နံနက် (၁၀) နာရီခန့်က မီးစတင်လောင်ကျွမ်းပြီး (၁၀)နာရီ မိနစ်(၂၀)တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ရခြင်းအကြောင်းရင်းတို့ကို မီးသတ်တပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ # နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net