COVID-19 ကြောင့် သီတင်းခြောက်ပတ်ကြာ lockdown လုပ်ထားခဲ့သည့် ရှန်ဟိုင်းမြို့တွင် ပုံမှန်ဘဝ ပြန်စနိုင်တော့မည်ဟုဆို

Photo: REUTERS/Aly Song/File Photo,
Photo: REUTERS/Aly Song/File Photo,
COVID-19 ကြောင့် သီတင်းခြောက်ပတ်ကြာ lockdown လုပ်ထားခဲ့သည့် ရှန်ဟိုင်းမြို့တွင် ပုံမှန်ဘဝ ပြန်စနိုင်တော့မည်ဟုဆို
By Mr John

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် COIVD-19 ကန့်သတ်ချက်များ ရုပ်သိမ်းပြီး ဇွန်လ (၁) ရက်မှ စတင်ကာ ပုံမှန်နေ့စဥ်ဘဝ ပြန်လည်စတင်ခွင့်ပြုသွားမည်ဟု တာဝန်ရှိသူတစ်ဦးက မေလ (၁၆) ရက်နေ့တွင် ပြောသည်။

ရှန်ဟိုင်းမြို့ရှိ ခရိုင် (၁၆) ခုနက်မှ (၁၅) ခုအတွင်း ကွာရန်တင်းနေရာများပြင်တွင် COVID-19 ကင်းစင်ပြီဟု ကြေညာခဲ့ပြီးနောက် ကန့်သတ်ချက်များ ရုပ်သိမ်းကာ ပိတ်ထားသည့်နေရာများ ပြန်ဖွင့်ပြီး ပုံမှန်ဘဝ ပြန်လည်စတင်ရန် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

ရှန်ဟိုင်းမြို့တွင် ပုံမှန်ဘဝနေထိုင်မှုများ ပြန်လည်စတင်နိုင်မည့်ရက်ကို ဒုတိယမြို့တော်ဝန် Zong Ming က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ အတိအကျ ထုတ်ဖော်ပြောခဲ့သည်။

ရှန်ဟိုင်းတွင် COVID-19 ကူးစက်မှုများ မြင့်တက်ဖြစ်ပွားခဲ့စဥ်အတွင်း မြို့၏ လူဦး‌ရေ (၂၅) သန်းကို သီတင်းခြောက်ပတ်ကြာ lockdown လုပ်ထားခဲ့ပြီး မည်သည့်အချိန်တွင် ပုံမှန်ဘဝ ပြန်လည်စတင်နိုင်ကြောင်း အစောပိုင်း ပြောကြားမှုများ ရှေ့နောက်မညီဖြစ်ခဲ့ရာ မြို့ခံများ စိတ်ပျက်ခဲ့ကြသည်။

ရှန်ဟိုင်းမြို့ အစိုးရတာဝန်ရှိသူတွေက မြို့၏ ကူးစက်မှုတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ ရည်မှန်းချက်မှာ မေလ (၂၁) ရက်နေ့အထိ ကူးစက်မှုများ ပြန်ဖြစ်လာမှုကို ကာကွယ်တားဆီးရန်ဖြစ်ရာ ကန့်သတ်ချက်အများအပြား ဆက်လက်ထားရှိမည်ဟု ဆိုသည်။

ကွာရန်တင်းလုပ်ထားသည့် နေရာများပြင်ပတွင် ကူးစက်မှုများ ကင်းစင်သွားခြင်းက တရုတ်၏ ကိုဗစ်လုံးဝင်ကင်းစင်ရေး zero-COVID မူဝါဒအရ ပုံမှန်ဘဝပြန်စရန်အတွက် အဓိကအခြေအနေတစ်ရပ်လည်း ဖြစ်သည်။

ရှန်ဟိုင်းက ပြည်တွင်းလေကြောင်းလိုင်းများနှင့် ရထားခရီးစဥ်များကို တဖြည်းဖြည်း ပြန်လည်စတင်သွားမည်ဖြစ်ပြီး မေလ (၁၆) ရက်မှစတင်ကာ စူပါမတ်ကက်များ၊ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်းများကို ပြန်ဖွင့်မည်ဟု သိရသည်။

အခြား တရုတ်မြို့ကြီးများ အများအပြားတွင် COVID-19 ကန့်သတ်ချက်များ ထုတ်ပြန်ထားမှုနှင့်အတူ ရှန်ဟိုင်းမြို့ကို lockdown လုပ်ထားခဲ့ရာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်းအားအကြီးဆုံး တရုတ်နိုင်ငံအတွက် ထိခိုက်နစ်နာခဲ့ရပြီး ကမ္ဘာတဝန်း ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက်များ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

Source: Reuters