ယူကရိန်းသမ္မတ၏ လုံခြုံရေး နှင့် အသက်အန္တရာယ် အမေရိကန် စိုးရိမ် 

အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ  အဒန်ရှ်စ် [ Photo: Redux ]
အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ  အဒန်ရှ်စ် [ Photo: Redux ]
ယူကရိန်းသမ္မတ၏ လုံခြုံရေး နှင့် အသက်အန္တရာယ် အမေရိကန် စိုးရိမ် 
ဖေဖော်ဝါရီ 26, 2022 | နိုင်ငံတကာသတင်း

ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီအပေါ်  ရုရှားစစ်တပ်၏   ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများ ပြုလုပ်မည်ကို စိုးရိမ်နေသည့် အမေရိကန်အစိုးရက ယူကရိန်းသမ္မတးအတွက် ဘေးကင်းရေး ကယ်ထုတ်နိုင်ရန်  အဆင်သင့် ဖြစ်နေကြောင်း ပြောကြားထားပေမဲ့ ယူကရိန်းသမ္မတက နိုင်ငံကနေ ထွက်ခွာသွားမှာ မဟုတ်ကြောင်း ပြောဆိုထားသည်။

ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညပိုင်းက  ယူကရိန်းသမ္မတနှင့်အတူ အစိုးရအဖွဲ့က

ကျွန်တော်တို့အားလုံး ဒီနေရာမှာပဲ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် လွတ်လပ်ရေးအတွက် ဆက်လက် ခုခံကာကွယ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ခုခံကာကွယ်နေသူ အားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ယူနေပါတယ်

ဟု သမ္မတကိုယ်တိုင်ပြောကြားထားသည့် ဗီဒီယိုကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ Twitter တွင် တင်ထားတာကိုလည်း တွေ့ရသည်။

ရုရှားဘက်က ကျူးကျော်တိုက်ခိုက်မှုအပြင် Telegram ကနေ ယူကရိန်းသမ္မတ ထွက်ပြေးသွားပြီဟု ဝါဒဖြန့် သတင်းအမှားများ လွှင့်နေခြင်းနှင့် ပတ်သက်၍ သမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီက ရုရှားစစ်တပ်၏ အရှိန်မြှင့်လိုက်သည့် ကျူးကျော် တိုက်ခိုက်မှုအတွင်း အဓိက ပစ်မှတ်အဖြစ် နံပတ်(၁)သတ်မှတ်ခံထားရသည့် ၎င်းအတွက် အန္တရာယ်ကြီးမားသော်လည်း ၎င်းသည် သမ္မတအဖြစ် ဆက်လက်ရှိနေမည်ဟု ဆိုထားသည်။ 

ကျွန်တော်ရရှိထားတဲ့ သတင်းအချက်အလက်များအရ ရန်သူက ကျွန်တော့်ကို ပစ်မှတ်အနေနဲ့ နံပတ်(၁)သတ်မှတ်ထားတယ်

ဟု ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီက ၎င်း၏ နိုင်ငံသားများအား ပြောကြားသည့် ဖေဖော်ဝါရီလ(၂၅)ရက်နေ့၏ နံနက်ပိုင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

ရုရှားဘက်က ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီကို ဖမ်းဆီးခြင်းသို့မဟုတ် သတ်ဖြတ်ခြင်းဖြင့် ဖယ်ရှားပြီးမှ ယူကရိန်း - ရုရှား စစ်ပွဲကို အဆုံးသတ်ရန် ပူတင်က သတ်မှတ်ထားပြီး ယူကရိန်းအတွက် ၎င်း၏ ကြိုးဆွဲရာကနိုင်မည့် ရုပ်သေးရုပ်ကို ထားရှိရန် ကြံဆောင်နေသည်ဟု နိုင်ငံတကာ က သုံးသပ်ထားကြသည်။



ရုရှားကျူးကျော်မှုရဲ့ ခြိမ်းခြောက်မှုသာမက အခုလက်ရှိ သူ့ကို ပုဂ္ဂိုလ်ရေးအရ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိထားမိတယ်။ သူ့ကို ဘယ်လိုပဲ ဖြစ်ဖြစ် ကူညီပေးဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်

ဟု အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ  အဒန်ရှ်စ်က ဆိုသည်။

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စ၍ ကျူးကျော်စစ်ကို စတင်လာခြင်းဖြစ်ပြီး ယင်းသို့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို နိုင်ငံတကာက တားဆီးကန့်ကွက်နေသော်လည်း တင့်ကား၊ သံချပ်ကာကားများအပြင် လက်နက်ကြီးများ၊ လေကြောင်းများဖြင့်ပါ ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။



Source: Washingtonpost, Minister of Defense of Ukraine, The New York Times