ဒီးမော့ဆို နှင့် မိုးဗြဲဘက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး 

ဒီးမော့ဆို နှင့် မိုးဗြဲဘက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး 
မေ 9, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုနှင့် ရှမ်း - ကရင်နီနယ်စပ် မိုးဗြဲတို့တွင် ယနေ့ မေလ(၉) ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်များ၏ စနိုက်ပါပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သား (၄)ဦးသေကြောင်း သိရသည်။

ဒီးမော့ဆို၊ မြို့မရပ်ကွက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF တပ်၊ ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်သည်။ 

တိုက်ပွဲတွင် ဒီးမော့ဆို PDF ၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး သေဆုံးပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ သေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို ဒီး မော့ဆိုမြို့မရဲစခန်းအတွင်းသို့ ပြန်လည်သယ် ဆောင်သွားကြကြောင်း သိရသည်။

ဒါ့အပြင် ယနေ့မနက်ပိုင်းတွင်လည်း  မိုးဗြဲမြို့အထွက် တစ်နေရာ၌ စခန်းချနေသည့် စစ်ကောင်စီတပ်ကို KNDF B-03 မှ စနိုက်ပါ ဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား(၃)ဦးသေကြောင်း KNDF B 3 က ထုတ်ပြန်သည်။

#TachileikNewsAgency