ဒီးမော့ဆိုမြို့နယ်အတွင်း အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပြီး လွိုင်ကော် PDF ဘက်က တိုင်းပြည်အတွက် ခုခံကာကွယ်ရင်း တပ်ဖွဲ့ဝင်တစ်ဦး  ကျဆုံး

Photo:  လွိုင်ကော် PDF
Photo: လွိုင်ကော် PDF
ဒီးမော့ဆိုမြို့နယ်အတွင်း အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပြီး လွိုင်ကော် PDF ဘက်က တိုင်းပြည်အတွက် ခုခံကာကွယ်ရင်း တပ်ဖွဲ့ဝင်တစ်ဦး  ကျဆုံး
မတ် 14, 2022 | ကယား

 ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ကယန်းသာယာဘက်မှ ထီတရိကျေးရွာဝန်းကျင်သို့ ယနေ့ မတ်လ(၁၄)ရက်နေ့တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရသည်။

တိုင်းပြည်အတွက် အသက်ပေးလှူသွားသော သူရဲကောင်းရဲဘော် မျိုးအောင် (ခ) ပေါလူ

စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDF နှင့် KNDF မှ ပြောက်ကျားနည်းဖြင့် ပစ်ခတ်ခုခံလျှက်ရှိပြီး လွိုင်ကော် PDF မှ ရဲဘော် မျိုးအောင် (ခ)ပေါလူ ကျဆုံးခဲ့ရ ကြောင်း သိရသည်။

မတ်လ(၁၁)ရက်က လွိုင်ကော် PDF နှင့် KNDF တို့သည် လင်ဖုံလမ်းခွဲ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၇)ဦးသေခဲ့ပြီး ၎င်းတို့ ခန္ဓာကိုယ်များကို ကားနှင့်သယ်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။ 

ယင်းနေ့မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သည် လင်ဖုံလမ်းခွ အနီးတစ်ဝိုက်တွင် နေ့၊ ညလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို ယနေ့ မတ်လ(၁၄)ရက်နေ့အထိ ပြုလုပ်နေခြင်းဖြစ်သည်။