ကယားပြည်နယ် လွိုင်ကော်မြို့တွင် (၉)ဦးမြောက်အဖြစ် Covid-19 အတည်ပြုလူနာ တစ်ဦး ထပ်တိုး

ကယားပြည်နယ် လွိုင်ကော်မြို့တွင် (၉)ဦးမြောက်အဖြစ် Covid-19 အတည်ပြုလူနာ တစ်ဦး ထပ်တိုး
နိုဝင်ဘာ 1, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် (၉)ဦးမြောက်အဖြစ် Covid-19 အတည်ပြုလူနာ တစ်ဦး ထပ်တိုး
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ကျောင်းဝန်းရှိ ယာယီကုန်တင်ယာဉ်ရပ်နား စခန်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၁၅၂)ဦးအား နိုဝင်ဘာလ (၁)ရက်နေ့၌ RDT ဖြင့် စစ်ဆေးခဲ့ရာ  မန္တလေးက ပြန်လာသည့် ယာဉ်နောက်လိုက်တစ်ဦးထံမှ Covid-19 ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
“ကားစပါယ်ယာ တစ်ယောက်ပါ။  ကားသမားတွေကို စစ်ဆေးတဲ့နေရာမှ ာတွေ့တာပါ။ ကားသမားတွေ (၁၅၂)ယောက် စစ်တယ် ။ ပိုးတွေ့တာ တစ်ယောက်ပါ ။ သူကနေကောင်းပါတယ်။ လွိုင်ကော်ဆေးရုံကြီးမှာပဲ ပို့ထားပါတယ်"ဟု ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က သတင်းမီဒီယာများအား အတည်ပြုပြောကြားသည်။
လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူကျေးရွာ ၊ အထက(ခွဲ) ကျောင်းဝန်းတွင် ဖွင့်လှစ်ထားသည့် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၅၂)ဦးအား နိုဝင်ဘာလ (၁)ရက်နေ့တွင်  Covid-19 ပိုးစစ်ဆေးပေးခဲ့ရာ ယာဉ်နောက်လိုက် တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပိုးတွေ့ရှိခဲ့သူ ယာဉ်နောက်လိုက်မှာ အသက် (၃၂) နှစ်အရွယ် လွိုင်ကော်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးဖြစ်ပြီး မန္တလေးသို့ ကုန်စည်ပို့ဆောင်မှု့အပြီး ယာယီယာဉ်ရပ်နားစခန်းသို့ ပြန်လည်ဝင်ရောက် လာသူဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေကာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရမည်ဖြစ်သည်။
ကယားပြည်နယ်တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ထိ Covid-19 အတည်ပြုလူနာ (၉)ထိရှိလာပြီဖြစ်ပြီး အတည်ပြုလူနာ (၁)ဦး ကို တပ်မတော်မှ အောင်ပန်းစစ်ဆေးရုံသို့ လွှဲပို့ထားသည့်အတွက် လက်ရှိတွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ အတည်ပြုလူနာ (၇)ဦး ဆေးကုသမှု ခံယူနေပြီး တစ်ဦးမှာ ပိုးကင်းစင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~