လွိုင်ကော်မြို့ ဝါရီကောခူတွင် အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ်များကို သော့ဖျက်၍ ပစ္စည်းများ ယူဆောင်နေ

Photo: Kayan Generation Youth
Photo: Kayan Generation Youth
လွိုင်ကော်မြို့ ဝါရီကောခူတွင် အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ်များကို သော့ဖျက်၍ ပစ္စည်းများ ယူဆောင်နေ
ဖေဖော်ဝါရီ 15, 2022 | ကယား

 ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်မှ အင်အား (၂၀၀) ဝန်းကျင်ဖြင့် ဝင်လာပြီး အိမ်သော့များပါ ဖျက်ဝင်ကာ ပစ္စည်းများ ယူနေကြသည်ဟု Kayan Generation Youth က အသိပေးထားသည်။

အဆိုပါ အာဏာသိမ်းအုပ်စုတွင် တင့်ကားလည်းပါလာသည်ကို တွေ့ရသည်ဟု သိရသည်။

မိုးဗြဲလမ်းဆုံတွင်လည်း အာဏာသိမ်းတပ်ဖွဲ့များရှိနေသဖြင့် နန်းမယ်ခုံ - မိုးဗြဲလမ်း သွားလာသူများ သတိရှိကြရန် အသိပေးထားသည်ကို တွေ့ရသည်။