လူပေါင်း (၅၃) ဦးပါဝင်သည့် အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စီး ပျောက်ဆုံးသွား၍ ရှာဖွေနေ

လူပေါင်း (၅၃) ဦးပါဝင်သည့် အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စီး ပျောက်ဆုံးသွား၍ ရှာဖွေနေ

 

အင်ဒိုနီးရှားရေတပ်မှ လေ့ကျင့်ရေးဆင်းနေသည့် လူပေါင်း (၅၃) ဦး လိုက်ပါသွားသည့် ရေငုပ်သင်္ဘောတစ်စီး ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့က ပျောက်ဆုံးသွား၍ စင်္ကာပူနှင့် ဩစတေးလျတို့ကပါ အင်ဒိုနီးရှားရေတပ်နှင့်အတူ ရှာဖွေရေးတွင် ကူညီပေးနေကြောင်း သိရသည်။

ဂျာမန်ထုတ် KRI Nanggala-402 ရေငုပ်သင်္ဘောသည် ဘာလီကျွန်းမြောက်ဘက်တွင် တော်ပီဒိုပစ်ခတ်မှုပြုလုပ်ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

ရေငုပ်သင်္ဘောနှင့် နံနက် (၄) နာရီခွဲဝန်းကျင်တွင် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်ပြီး ဘာလီကျွန်းတစ်ဝိုက်ရေပြင်တွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှားရေတပ်တွင် ဂျာမန်၌ တည်ဆောက်သည့် သင်္ဘော (၂) စီးပါဝင်ရာ ယခုပျောက်ဆုံးသွားသည့် သင်္ဘောကို ဂျာမနီတွင် ၁၉၇၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Ref; bangkokpost